mr.dark bloodAugust 9, 20101min974
နှစ်လူးပြူးမမ မျက်လုံးပြူးသွားခြင်း ကျွန်တော်နေထိုင်ရာ ရပ်ကွက်လေးသည် ဆိတ်ငြိမ်၏ အရိပ်အာဝါသကောင်းသောသစ်ပင်များရှိသဖြင့် အေးချမ်း၏ ထို့ပြင် ရပ်ကွက်တွင်းရှိ လူများသည်လည်း စည်းလုံးကျ၏မည်မျှ စည်းလုံးညီညွှတ်သည်ဆိုသော် နေ့ဘက်ဆို တစ်ယောက်အိမ် တစ်ယောက်တတ်ကာ ချဲအတူ တွက်ကြည်မှအစ ညဘက်အတူ ခေါင်းချင်းဆိုင်ဖဲထိုင်ရိုက်ကြသည်အထိ စည်းလုံးလေသည်။ ပညာရေးအလေးပေးသည့် ရပ်ကွက်ဖြစ်ခြင်းကြောင့်လည်း မိဘများကိုယ်တိုင် 0အပါအဝင် ၁အစ၉အဆုံးဂဏန်းများနှင့် နေ့စဉ်နပမ်းလုံးနေသည်မှာ အစဉ်အလာတစ်ခုလို ဖြစ်နေပေသည်။ယင်းမိဘများထဲနှိုက် အငြိမ်းစားကျောင်းအုပ်ဆရာမ များလည်း ပါသကဲ့သို့ 4တန်းနှင့် ဟင်းချကာ ဟင်းစားအတွက် ရုန်းကန်ခဲ့ရသူများလည်း ရှိပေသည်။မည်သို့ဆိုစေ သူတို့သည်ကား နေ့ရော၊ညရော စည်းလုံးကြပြီး ဂဏန်းများအား အလွန်တန်ဖိုးထားသော သူများလည်း ဖြစ်သည်။ ဒေါ်စန်းမြင့်သည် ရပ်ကွက်ထဲတွင် အတော်အတန်ဩဇာညောင်းသောသူဖြစ်သည်။အသားဖြူဖြူနှင့်ရုပ်ရည်မှာ အရာရှိ ကတော်ရုပ်ပေါက်ရ်  အများ၏ အော်တိုလေးစားမှုကို လက်ပိုက်ခံယူရရှိနေသူလည်း ဖြစ်သည်။ကိုယ်တိုင်ကလည်း မဟုတ်မခံနှင့် ဇာတ်ဇာတ်ကြဲတုံ့ပြန်တက်သူဖြစ်ပေရာ အများက […]