koyoJuly 28, 20111min1056
ဘာသာမဲ့ဆိုသော စကားလုံးကို အတော်ကြီးမကျေမနပ်ဖြစ်နေကြဟန် တူပါသည်။ မိမိက သူတစ်ပါးအား စကားပြောဆိုရာတွင်ဖြစ်စေ၊ သူတစ်ပါး၏ ပြောဆိုစကားကို မိမိက နားထောင်သောအခါတွင်ဖြစ်စေ ထိုစကား၏ဆိုလို ချက်ကို မိမိရရဆင်ခြင်တတ်ဖို့တော့လိုပါလိမ့်မည်။ ကိုယ်လိုရာဆွဲပြီး အဓိ ပ္ပါယ်မဖွင့်မိစေဖို့လိုပါသည်။ ကျွန်တော်သည် လူတတ်ကြီးလုပ်၍ ဆရာလုပ် နေခြင်းမဟုတ်ပါ။ ကျွန်တော်ပြောဆိုသမျှ စကားတို့သည် ကမ ္ဘာပေါ်ရှိ လူ သားအသီးသီးတို့အား ရည်ညွှန်း၍ပြောဆိုနေခြင်းဖြစ်ပါသည်။ မည်သည့်ဘာ သာဝင်ကိုမှ ထိခိုက်စေလိုခြင်း အလျှင်းမရှိပါ။ အားပါ၍ မကျေပျက်သော စကားတစ်ခွန်းသည် လူတစ်ယောက်၏ ဘ ဝကို များစွာပြောင်းလွဲစေပါသည်။ မိမိကိုယ်မှလွဲပြီး တစ်ခြားအားကိုးစရာတို့ အား လိုက်လံရှာဖွေနေစရာမလိုတော့သည်အထိ ပြောင်းလွဲစေပါသည်။ ပုဂ္ဂို လ်တစ်ဦးတစ်ယောက်အားသာ အားကိုးနေခြင်းသည် ကလေးအရွယ် လူမ မယ်ဆန်လွန်းလှပါသည်။ ထိုကဲ့သို့အားကိုးနေသမျှကာလပတ်လုံး မိမိကိုယ် မိမိ အားကိုးတတ်သောလူတစ်ယောက် ဖြစ်လာတော့မည်မဟုတ်ပေ။ […]