ချမ်းချမ်း အင်တာနက် သုံးတာ နှစ်နှစ်နီးပါး ကာလအတွင်းမှာ ဖတ်ခဲ့သမျှ  Post   တွေ Comment တွေ နဲ ့ပက်သက်ပြီး ရင်ထဲရှိတာ ဝေဖန်ဆွေးနွေးချင်တဲ့အကြောင်းလေးပါ။ လူတစ်ကိုယ် စိတ်တစ်မျိုးမို ့ခံယူချက်တွေ၊ ထင်မြင်ချက်တွေ ခံစားချက်တွေ တူချင်မှလည်း တူလိမ့်မယ်။ အခုရေးတဲ့ပိုစ့်ဟာ အွန်လိုင်းပေါ်မှာ တွေ ့ခဲ့ရတဲ့ အဆဲသန်တဲ့ တစ်ချို ့သောဗုဒ္ဓဘာသာဝင် သူငယ်ချင်း တွေကို ချမ်းချမ်းသိထားတာတွေကို ပြန်လည်မျှဝေတဲ့သဘောပါ။ အမှားပါရင်တော့ ခွင့်လွှတ်ပေးပါလို ့ ကြိုတောင်းပန်ပါတယ်။ စာပေလောကမှာ ပုံနှိပ်တိုက် ထောင်ပြီး  အကျိုးအမြတ်အတွက် စာအုပ်တွေထုတ်ဝေနေတဲ့စီးပွါးရေးသမားတွေ၊ အချစ်ဝတ္ထုတွေ၊ရေးရင်းနာမည်ကြီးပြီးချမ်းသာ သွားကြတဲ့ စာရေးဆရာမတွေ ရဲ ့ဘဝ နဲ ့စာရင် ချမ်းချမ်းတော့ အင်တာနက်ပေါ်က Site ပိုင်ရှင်များနဲ ့စေတနာရှင် စာရေးတဲ့သံဃာတော်များ ၊ဘလောဒ့်ဂါများနဲ […]


ရတနာသုံးပါးကိုု ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများအားလုံးအတွက် ဘဝအတွက်ရုန်းကန်လှုပ်ရှားရင်းနဲ ့ဆောင်သင့် ရှောင်သင့်တဲ့ ကုသိုလ် အကုသိုလ် ကံအကျိုးပေးနည်းတွေကိုတင်ပြပေးပါ့မယ်။ချမ်းချမ်းကိုယ်တိုင် က ကိလေသာ နဲ ့အကုသိုလ်ကင်းနေတဲ့သူတော်စင်မဟုတ်ဘူးနော်။ သန်းပေါင်းများစွာထဲက ဘဝအတွက် ဆင်းရဲပင်ပန်းစွာ ရုန်းကန်လှုပ်ရှားနေရတဲ့ လူထဲက လူသေးသေးလေးတစ်ယောက်ပါ။ဒါပေမယ့် ရုန်းကန်လှုပ်ရှားရင်းနဲ ့ ဘဝဆင်းရဲတဲ့ ကြားထဲက စိတ်ချမ်းသာအောင် အကုသိုလ်ကင်းအောင်တော့ ပတ်ဝန်းကျင်က အမှားတွေကိုသင်ခန်းစာယူတယ်။ဆရာတော်ဘုရားများရဲ ့ဩဝါဒနဲ ့ ကိုယ့်ဘဝကို ပြုပြင်တယ်။စာအုပ်စာပေထဲက ဘဝတွေကို လေ့လာရင်းနဲ ့ဆင်းရဲ တဲ့ကိုယ့်ဘဝထဲမှာ အမှန်တကယ် ကျေနပ်ပျော်ရွှင်စရာတွေ အများကြီး ရှိနေတာ ကိုတွေ ့ခဲ့ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ”ယောနိသော မနသိကာရ” ဆိုတဲ့ သင့်တင့်မျှတစွာနှလုံးသွင်းခြင်း ၊ လက်ရှိကိုယ့်ဘဝကို ရောင့်ရဲကျေနပ်ခြင်း နဲ ့ကိုယ့်စိတ်ကို ကိုယ်တိုင် ဆန်းစစ်လေ့လာခြင်းပါပဲ။ […]