.နှလုံးသားဝယ် ဘုရားတည် ဆိုတာ မိမိ နှလုံးသားထဲမှာ သတိနဲ့ ဘုရားကို အာရုံဖော်ပြီးတော့ နေတတ်တာပါ။ အဲလိုနေလို့ရှိရင် မိမိရဲ့ ခန္ဓာကိုယ်ကြီးဟာ ရတနာ ခန္ဓာကိုယ်ကြီး ဖြစ်လို့ ဘုရားရဲ့သား ဘုရားရဲ့သမီး ဖြစ်လို့ ဘယ်ခါမဆို ဘယ်နေရာပဲရောက်ရောက် စိတ်စွမ်းအားတွေကလည်း ခမ်းခမ်းနားနားဖြစ်နေမယ် တဲ့။ .နောက်တစ်မျိုးက ဘုရားတစ်ဆူတည်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ .၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ .၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးကို ရည်ညွှန်းကြောင်း၊ .၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ […]