fattyMay 27, 20111min52
တလောက နိုင်ငံတော်တွင် အခြေခံလူတန်းစားတို့ဘဝ တိုးတက်ရေး ဆွေးနွေးကြ စာတမ်းတွေတင်ကြ ဆုံးဖြတ်ချက်တွေချ လုပ်ကြပါ၏။ ဂျာနယ်တွေထဲဖတ်ရသမျှတော့ အတော်ကောင်းပါသည် …။ အာဏာပိုင်များအပြင် ပညာရှင်များလည်းပါဝင်ကြသဇြင့် အားရစရာကောင်းလှသည်ဟု ယူဆရပါသည်။ အခြေခံလူတန်းစားဆိုတော့ လယ်သမား အလုပ်သမား များဟုဆိုရမည်ပင် …….။ သူတို့တွေရဲ့ပြသနာ တချို့ဖြေရှင်းရန် အခက်အခဲ များရှိနေသေးကြောင်းတွေ့ရသည် …။ အဖွဲ့အစည်းများ ဖွဲ့စည်းပြီး အသေးစားချေးငွေများ ချေးပေးရန်စဥင်္းစားကြသည်။ သို့ေသော် ထိုချေးပေးလိုက်သော ငွေသည် ၂လုံး ၃လုံး ဒိုင်များဆီရောက်သွားဖို့ကများနေသည် ….။ ထို့ကြောင့် လောင်းကစားများကို နှိပ်ကွပ်ရန် စီစဉ်ကြသည် ..။ သို့သော် ရှေးရိုးနည်းကြီးဖြင့်တော့ ခေတ္တသာခံမည်ထင်ရပါသည်။ ဆိုလိုသည်မှာ အတင်းဥပဒေထုတ် အတင်းဖမ်း …။ ထိုးသားများဖက်ကကြည့်လျှင် ဘိန်းစွဲသလို စွဲနေပြီဖြစ်ကြောင်းတွေ့ရသည်။ အစိုးရလခစားခဲ့သော ပင်စင်စားကြီးများပင် လုပ်စရာမရှိရျ် ၂လုံးကစားနေကြကြောင်းတွေ့ရပါသည်။ […]