manawphyulayJanuary 9, 20131min16610
ယနေ့ကမ္ဘာမှာ စာနယ်ဇင်းတွေနဲ့ ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းတွေဟာ စိုးရိမ်စရာကောင်းလောက်အောင် အဆမတန် ဆုတ်ယုတ်ကျဆင်းလို့လာနေတာ တွေ့ရှိနေရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတဲ့ စဉ်းစားစရာ အချက်တွေ လည်း ဖြစ်ပေါ်လို့ လာနေပါပြီ။ ယခုပွင့်လင်းလာပြီဆိုတဲ့အတိုင်း စီးပွားရေးလုပ်ငန်းရှင် အတော်များများ ကလည်း ပိုက်ဆံရှိသူတိုင်းက ပုံနှိပ်မီဒီယာလောကဘက်သို့ ရှေ့ဦးလှည့်လို့လာနေပြီလို့ ဆိုရမယ် ထင်ပါတယ်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေကလည်း ဈေးကွက်အေးတယ်လို့ သတင်းတွေကြားနေ ရတဲ့ကြားထဲ ဂျာနယ် အသစ်တွေ ထုတ်ဝေဖို့ တာစူနေကြတာကလည်း ဒုနဲ့ဒေးပါပဲ။ ဒီတော့ စဉ်းစားစရာတွေက တောင်လိုပုံ လာခဲ့တယ်ပေါ့။ လက်ရှိစာပေနယ်ထဲက သူတွေက ဈေးကွက်အေးတယ်လို့ ပြောနေတဲ့ကြားက ဒီလောကကို ဝင်တိုးလာတယ်ဆိုတော့ အတော်တော့ ထူးဆန်းမနေဘူးလား။ ဟော ဒီကြားထဲ ဝမ်းသာစရာ သတင်းတစ်ခု မကြာခင်က ထပ်မံကြားသိခဲ့ရပြန်တယ်။ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်ပေးတော့မယ်ဆိုတော့ ဝမ်းသာ သလိုလို ဝမ်းနည်းသလိုလို […]