water-melonOctober 13, 20111min46434
ခေတ်ရေစီးကြောင်း တိုးတက်လာတာနှင့်အမျှ ဆုတ်ယုတ်မှုတွေလည်း တိုးတက်လာပြီတယ်။ ပြောချင်တာတော့ ခေတ်စားနေတဲ့ စပွန်ဆာ ကိစ္စလေးပါဘဲ။ မော်ဒယ်လောကမှာ အသုုံးများသလို ပြင်ပလောကမှာလည်း ရှိပါတယ်။ မြန်မာပြည်မှာက မိန်းကလေးတော်တော်များများက မော်ဒယ်ဖြစ်ချင်ကြပါတယ်(ကောင်းသောမြန်မာမိန်းကလေးများမပါပါ)။ ဟိုတစ်လောက ကြားလိုက်ရသေးတယ်။(…….)မော်ဒယ်သင်တန်းတက်နေတဲ့ ကောင်မလေးတစ်ယောက်က သူ့ကိုစပွန်ဆာရှာပေးပါတဲ့။ သွားရောပေါ့ဗျာ မြန်မာမိန်းကလေး ဆိုတဲ့ ဂုဏ်ပုဒ်က ကုန်းကောက်စရာမရှိအောင် ဖြစ်သွားတယ်။ ဒီလိုမိန်းကလေးတွေရှိနေလို့လဲ စပွန်ဆာတွေက ငမ်းငမ်းတက်နေကြတာလေ။ စပွန်ဆာတွေက ဘာလိုချင်လဲဝယ်ပေးမယ်။ ပြီးရင်သူ့လိုအင်ဖြည့်ပေါ့။ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတစ်ယောက် ပါဘဲ သူကအဆိုတော် ဖြစ်ချင်တာ။စပွန်ဆာလည်းရရော သီချင်းခွေထွက်သွားတယ်။ ပြီးတော့သူနဲ့စပွန်ဆာ ဇာတ်လမ်းခွေက မြင်မကောင်းအောင် ပလူပျံလာတယ်။ တကယ်တော့ စိတ်မကောင်းဘူး တို့မြန်မာမိန်းကလေးတွေ ဒီလိုဖြစ်ကုန်ပြီလား။ ဘာလို့လဲ အဝတ်အစားတွေကို လန်ပျံလျှံကျအောင် ဝတ်တတ်ကြတယ်။ ဗိုက်ဖော်ချက်ဖော် အကုန်ဖော်ကြတယ်။ ရိုင်းရိုင်းပြောရရင် ယောက်ျားမရမှာစိုးနေကြတာလား။ facebook မှာဆိုပိုဆိုးတယ် […]