manawphyulayFebruary 11, 20121min1052
အန်တီစု တက်ရောက်ပြီး လူငယ်နှင့် နည်းပညာအကြောင်း ဟောပြောသွားခဲ့ပါတယ်။ “ဘာပညာမဆိုကောင်းတဲ့ ဘက်ရှိသလို ဆိုးတဲ့ဘက်ရှိပါတယ် အခု … နည်းပညာလူငယ်ရှင်များဟာ ကောင်းတဲ့ဘက်ကို သုံးသွားကြပါ။ကျွှန်မတို့ရဲ့ ကမ္ဘာကြီးကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ လူသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့နိုင်ငံသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ ပြည်သူပြည်သားတွေကောင်းမွန်ဖို့ အတွက် ဘယ်လို နည်းပညာတွေသုံးမလဲဆိုတာစဉ်းစားစေချင်တယ်။အခုကျွှန်မဒီခေါင်းစဉ်ကိုဘာဖြစ်လို့ သဘော ကျလဲဆိုတာ barcamp ရဲ့ အခြေခံသဘောတရားကိုကအများပါဝင်ခြင်း၊အများကနေပြီးတော့ လွတ်လွတ်လပ်လပ်ဆွေး နွေးခြင်း၊ မျှဝေခြင်း၊နောက်ဆုံးမှာဒီမျှဝေခြင်း ဆိုတာ ဆိုစကားရှိတယ်မဟုတ်လားဆရာစားချန်ခြင်းဆိုတာ ဒီစိတ်ဟာ ကောင်းတာမဟုတ်ဘူး ကျွှန်မတို့ အရှေ့တိုင်းရဲ့အဆိုအမိန့်ဆိုတာ တခုရှိတယ် စကားပုံတခုပေါ့ ဖဖောင်းတိုင် တတိုင်ကနေ ဖယောင်းတိုင် အများကြီးကိုညှိလိုက်ရင် မူလဖဖောင်းတိုင်ကလည်းအလင်းရောင် မလျော့သွားဘူး အားလုံးကလည်းအလင်ရောင်ပိုလာတယ် ၊အဲဒီတော့ ပညာနဲ့ပတ်သတ်လို့ မျှဝေခြင်းဟာပညာ တွေလျော့သွားမှာ မဟုတ်ဘူး အများအတွက်ပညာတွေတိုးပွားစေတယ်။ ကျွှန်မတို့လောကကြီးအ တွက် အလင်းရောင်ဆိုတာ ပိုများလာပါတယ် […]