မမေလးSeptember 24, 20102min912
ကျွန်တော့အမိနိုင်ငံကို ကျွန်တော့ အသက်ထက် မြတ်နိုးပါတယ်။ ချစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ဗမာ/မြန်မာလို့ပြောရမှာရှက်တတ်သူတွေကို မကြည့်ချင် မမြင်ချင်ပါ။ ရွံပါတယ်။ စက်ဆုပ်ပါတယ်။ မုန်းပါတယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ သနားစရာသတ္တဝါတွေပါလားလို့ မြင်လာရပြန်ပါတယ်။ အသိဉာဏ် တစ်ထွာတစ်မိုက်လေးမှမရှိဘူးလို့ ထင်မိပါတယ်။ သမိုင်းမသိ၊ စာမဖတ်၊ ပညာမတတ်၊ အတွေးအခေါ်နိမ့်ကျသူတွေလို့လဲ ထင်လာပါတယ်။ ဒီတော့ ဒီလိုလူမျိုးတွေအထင်သေးတဲ့ ဗမာ/မြန်မာပြည် ကထင်ရှားသူတွေ၊ လေးစားစရာကောင်းသူတွေအကြောင်းကို ပြောပြချင်စိတ်ပေါ်လာပါတယ်။ ဒါနဲ့ ဖတ်မိသမျှ၊ မှတ်မိသမျှလေးတွေကို ချရေးမိပါတယ်ဗျာ။ ပိုတာ၊ လိုတာ၊ မှားတာလေးတွေရှိရင် ကူကြပါ၊ ကယ်ကြပါ၊ ဖေးမကြပါ၊ ညွှန်ပြကြပါဦးဗျာ။ ပထမဦးဆုံး ပြောချင်တဲ့ ပုဂ္ဂိုလ်ကတော့ ကျွန်တော်တို့အားလုံးလေးစားရတဲ့ ဦးသန့်ပါ။ ဦးသန့်ရဲ့ ဘဝဖြစ်စဉ်ကိုတော့ ချန်ခဲ့ပါရစေ။ ဘိုမျှော်၊ ဘိုမ၊ ဘိုထင်ကြီး၊ ဘိုကြောင်တွေကို သိစေချင်တာလေးတွေ၊ […]