ဂ်စ္စူOctober 9, 20101min1131
အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတာက အကြမ်းအားဖြင့် အသက်ကြီးသူ တယောက်ဟာ အလုပ်တခုခုကို လုပ်တော့မယ်ဆိုရင် ဉာဏ်ပညာနဲ့ ရှေ့နောက် ဆင်ခြင်စဉ်းစား တွေးခေါ်ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိသူကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီလို အသက်ကြီးပြီး အချိန်မစီးသူတွေထဲမှာ နအဖ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးလည်း ပါဝင်ပါတယ်။ သူအချိန် မစီးပုံကို အောက်ပါသတင်းတပုဒ်အရ သိနိုင်ပါတယ်။ သတင်းခေါင်းစဉ်က “လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ်”။ အဲဒီ သတင်းခေါင်းစဉ်အောက်မှာ – ရွေးကောက်ပွဲမတိုင်မီ “ဗိုလ်ချုပ်မှူးကြီးကို ပြည်ပက လက်ဖြောင့် သေနတ်သမား တွေလာပြီး လုပ်ကြံခြင်း၊ ကားဖြင့် အသေခံဗုံးခွဲ လုပ်ကြံခြင်းဖြစ်မည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း”၊ “ဗိုလ်ချူပ်မှူးကြီးကို လုပ်ကြံသူများမှာ မြဝတီ မဲဆောက်တို့ဘက်က လာမည်ဟုကြားကြောင်း” ဖော်ပြထားတာတွေ ့ရပါတယ်။ (ဧရာဝတီ-၂၀၁၀-စက်တင်ဘာ-၂) […]