Ma MaOctober 7, 20117min24632
မသွားခင်ကတည်းက pooch က တောင်းဆိုထားလို့ မြင်မြင်သမျှ ရသလောက် ရိုက်လာခဲ့တာလေးတွေ အားပေးကြပါဦး။ လမ်းခရီးတစ်လျှောက်လုံးမှာ မြင်မြင်သမျှ အိမ်တွေဟာ မပြီးမပြတ် စုတ်ပြတ်ပြတ်တွေချည်းပဲ ဖြစ်နေပါတယ်။ အိနိ္ဒယက ဒီမိုကရေစီနိုင်ငံ ဖြစ်တာမို့ အိမ်ကို ပြီးအောင်ဆောက်ရင် အခွန်ဆောင်ရတယ်တဲ့။ အဲဒါကြောင့်မို့ အိမ်တွေကို ပြီးအောင် မဆောက်ကြတာဖြစ်ပါတယ်။ ကျမအမြင်ကို ဖြည့်စွက်ရရင်တော့ လူမျိုးရေးစိတ်ဓာတ်တခုဖြစ်တဲ့ ခြိုးခြံချွေတာတတ်တဲ့ အကျင့်ဗီဇတွေလည်း ပါမယ် ထင်ပါတယ်။ အိမ်တွေကို ပြီးစီးအောင် မဆောက်ကြသလို အိမ်မိုး slab တွေကိုတော့ အဝတ်လှန်းဖို့ သုံးကြတယ်။ အဲဒီ တို့လို့တန်းလန်း အိမ်တွေကိုကြည့်ပြီး မြန်မာပြည်မှာ တက်လမ်းဆောက်လုပ်ရေး၊ သူတို့ဆီမှာတော့ တန်းလန်းဆောက်လုပ်ရေးလို့ ပြောပြီး ရီကြရသေးတယ်။ မြို့တွင်းသွား ပုံရိပ်တွေနဲ့ သူတို့ဆီက Hotelလေ။ ဘုရားကြီးအဝမှာ ရိုက်ခဲ့တာ။ လမ်းဘေးမှာ […]