– – – – – – – – – – – ရသေ့ပျံဂူ လတ်လောင်  (16.82276,97.58575) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ) ကျွန်တော်ရဲ့ ဘားအံခရီးစဉ်ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)  မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) မှာ ကျောက်ကလပ်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၂) မှာ ဇွဲကပင်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၃) မှာ ဆဒ္ဒန်ဂူ ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၄) မှာ ကော့ဂွန်း ကိုရောက်ခဲ့ပြီး နေ့လည်လောက်မှာ ထွက်ခဲ့ကြပါတယ်.. နာရီဝက်လောက် အကြာမှာတော့ မြင့်မားတဲ့ တောင်ကဘားယံ ကြီးအောက်က ရသေ့ပျံဂူကို ရောက်ရှိကြပါတယ်.. ဆဒ္ဒန်ဂူ နဲ့  ကော့ဂွန်းဂူ ကိုရောက်လာခဲ့ပြီးပြီမို့ ရသေ့ပျံဂူရောက်တဲ့ အခါမှာ တော့ နဲနဲလဲ ပြိုင်းနေတာကြောင့် စိတ်သိပ်မပါတော့ ပါဘူး ရသေ့ပျံဂူက တောင် အပေါ်ဘက်ကို ထပ်တက်ရသေးတာ မို့လို့ တော်တော်လေးကြိုးစားပမ်းစား တက်လိုက်ရပြီး လျှာတောင် တော်တော် ထွက်သွားပါရဲ့.. ဂူပေါက်ကိုရောက်တဲ့ အခါမှာ တော့ ရင်ပြင် […]