loneAugust 4, 20111min40
အစွဲ လို့ပဲပြောရမှာ ပေါ့နော် ။ အောက်မျက်ခမ်းလေး နဲနဲလှုပ်ပြီဆိုရင် နမိတ်မကောင်းတတ်ဖူးလို့ကြားဖူးထားတော့ ဘာများဖြစ်တော့မလဲဆိုပြီး ရင်တထိတ်ထိတ် ဖြစ်ရတယ် ။ အထက်မျက်ခမ်း လှုပ်ရင်တော့နမိတ်ကောင်းတယ် ဆိုပြီး ဘာများ ဖြစ်တော့မလဲပေါ့နော် ။ အဲလိုပဲ သူများတွေကို မေးကြည့်တော့ လည်း မဆိုင်ပါဘူး အကြောလှုပ်တာပါလို့ဆိုကြပေ မယ့် မသိစိတ်က အစွဲလေးတစ်ခုလို စိုးရိမ်စိတ်လေး တစ်ခုတော့ ရှိမြဲဖြစ်နေခဲ့တယ်။ အဓိက ကတော့ ဘုရားဖူးဖို့ကြောက်နေတာပဲဖြစ်ပါတယ် ။” ကျောက်တော်ကြီးဘုရား ကို ချစ်သူနဲ့ အတူ မဖူးနဲ့ ကွဲတတ်တယ်” တဲ့ မယ်လမုဘုရား၊ကျိုက်ဝိုင်းစေတီ ၊ ရေလည်ကျောက်တန်း၊ ကျိုက်ခေါက်၊ ဗိုလ်တစ်ထောင် …. စသည့် ရန်ကုန်က ဘုရားများကို တူတူသွားမဖူးရဲသည့် အစွဲကတော့ အဆိုးဆုံးပါပဲ ။ တော်သေးတာက ရွှေတိဂုံမပါဘူးတဲ့ […]