panpanAugust 2, 20111min1689
  ဆရာတော်ဥူးသုမင်္ဂလလောတဲ့ တရားထဲကဟာကို ဆင့်ပွားလိုက်ဦးမယ် ဆရာတော်ဟောတာ နာရတဲ့ထဲမှာ ဘီလုံးငှက်လေးနွယ်ငြိတဲ့ဥပမာလေးပေးသွားတယ် အင်အားကြီးတဲ့ ဆင်ပြောင်ကြီးဟာ သူ့ခြေမှာချည်ထားတဲ့ သံကြိုးကို အလွယ်တကူရုန်းနိုင်ပေမယ့် ဘီလုံးငှက်ကလေးတစ်ကောင်ဟာ မြက်နွယ်ပင်လေးမှာ ငြိနေတာ မရုန်းနိုင်ဘဲ သေပွဲဝင်ရပါတယ်တဲ့ ဆင်းရဲသားတစ်ယောက်ဟာ တဲစုတ်နဲ့ အကျည်းတန်မယားကို မစွန့်နိုင်ဘူး စည်းစိမ်ချမ်းသာတွေနဲ့ နေနေရတဲ့ ဘုရင်ဟာ မင်းစည်းစိမ်ကိုစွန့်နိုင်မယ် ဒါဟာ မိမိရဲ့ ဖြည့်ဆည်းလာတဲ့ ပါရမီ၊ ကုသိုလ်တွေကြောင့်ပါ အဲဒီအင်အားကြီးတာနဲ့အမျှ ကိလေသာကို ရုန်းနိုင်ပါလိမ့်မယ် ဘုရားရှင်က အနည်းငယ်မျှလောက် အပြစ်ဖြစ်သည်ဟု ဆိုတဲ့အရာကို မိမိတို့အနေဖြင့် လုံးဝရှောင်ကြဉ်သင့်တယ် မြတ်စွာဘုရာသော်မှ အပြစ်ရှိသည်ဟု ဆိုသောကိစ္စကို သာမန်လူတို့အဖို့ အနည်းငယ်မျှသာဟု တွေး၍မကျူးလွန်အပ်ပါဘူး မြတ်စွာဘုရားသည် သာမန်လူသားတို့နှင့်ယှဉ်လျှင် လွန်စွာပါရမီ၊ ကုသိုလ်အင်အားကြီးသူဖြစ်၍ ဆင်ပြောင်ကြီးနှင့် ဘီလုံးငှက် နှိုင်းယှဉ်သလိုဖြစ်မယ်ထင်ပါတယ် ဆင်ပြောင်ကြီးသည် သံကြိုးကို လွယ်ကူစွာရုန်းနိုင်သော်လည်း […]