ကြောင်လတ်November 5, 20111min460
စဉ်းစားမိတဲ့၊စဉ်းစားခဲ့ဖူးတဲ့အကြောင်းတစ်ခု အခုကာလ အခါသမယဟာဖြင့် တန်ဆောင်မုန်းလ ကထိန်ပွဲတွေ ချိမ့်ချိမ့်သဲကျင်းပတဲ့ကာလပါ၊                    ရွာထဲမှာလည်း ကထိန်ပွဲ အကြောင်းတွေကို တော်တော်များများရေးထားတာ တွေ့ရပါတယ်၊ ဒါနဲ့ပတ်သက်ပြီးအကြောင်းအရာတစ်ခုကို ကျွန်တော်တွေးမိပါတယ်၊ဟိုခပ်ငယ်ငယ် (၅)တန်းကျောင်းသားဘဝ ကလည်းတွေးခဲ့ဖူးပါတယ်။  ဒီအတွေးမျိုးကိုရွာထဲရေးထားပြီးသားများရှိနေမလားမသိပါ၊ အခုရက်ပိုင်းရွာနဲ့နဲနဲအဆက်ပြတ်သွားတော့ မသိလိုက်ပါ၊ တော်တော်များများလိုက်ရှာကြည့်တော့ မတွေ့မိသေးလို့ ရေးလိုက်တာပါ။ “ကထိန်”၊  ကထိန်ဆိုတာအများသိပြီးအကြောင်းအရာတစ်ခုပါ ၊ကထိန်ရဲ့အနှစ်သာရတွေကို ရွှေအိမ်စည် က အကျယ်ရေးပြထားပြီးပါပြီ။ “ဘုံကထိန်”၊  ဘုံ ဆိုတာ အများဆိုင်တယ်ဆိုတဲ့သဘောပါ၊ ဘုံကထိန်ဆိုတာ အများစုပေါင်းပြီးဆောင်ရွက်ကြတာပါ၊အကျယ်ပြောရန်မလိုပါ၊ “မဟာဘုံကထိန်”၊  ကျွန်တော်ဆွေးနွေးချင်တာ အဲဒီရှေ့ဆုံးက ပါတဲ့ “မဟာ”  ဆိုတာကိုပါ၊ ကထိန်ပွဲတွေကိုမြို့အတော်များများ၊နေရာအတော်များများမှာ စုပေါင်းဘုံကထိန်အဖြစ်ပြုလုပ်လေ့ရှိကြပါတယ်။ အထူးသဖြင့် ဈေးတွေ၊ ရပ်ကွက်တွေ၊မြို့တွေ၊ မြို့နယ်တွေ၊ခရိုင်တွေ၊တိုင်းနဲ့ပြည်နယ်တွေမှာလုပ်ကြပါတယ်၊ မြို့အဆင့်ထိက သာမန်ဖြစ်ပေမဲ့ မြို့နယ်အဆင့်ကစလို့   စုပေါင်းမဟာဘုံကထိန်  လို့နာမည်တပ်ကြပါတယ်၊    မဟာ ဆိုတာပါလာပါပြီ။ အများသိကြတဲ့အတိုင်း […]