Yin Nyine NwayAugust 24, 20101min884
ကျွန်တော်ဟာ တက္ကစီမောင်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသူတစ်ယောက်ပါ။  နေ့လည်ပိုင်းတော့ ကျွန်တော် လုပ်ချင်တဲ့ အလုပ်လေးတွေ၊ ဝါသနာပါတာလေးတွေ လုပ်နိုင်အောင်လို့ ညဆိုင်းကိုသာ မောင်းပါတယ်.. ကျွန်တော့် တက္ကစီဟာ ခရီးသည်တွေရဲ့ ရင်ဖွင့်ရာ ဌာနလဲ ဖြစ်ခဲ့ပါတယ်။ ကားငှားတဲ့ ခရီးသည်ဟာ ကားထဲဝင်လိုက်ပြီး ကျွန်တော့်အနောက်က ခုံမှာထိုင်လိုက်ပြီးတာနဲ့ သူတို့ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်က မသိရပါဘဲ သူတို့ရဲ့ ဘဝအကြောင်း ဇာတ်စုံ ခင်းကြတော့တာပါဘဲ။ ဘာဘဲပြောပြော မမျှော်လင့်ဘဲ ကြားခဲ့ရတဲ့ သူတို့ပြောပြတဲ့ ဇာတ်ကြောင်းတွေထဲမှာ အချို့တွေက အံ့အားသင့်စရာတွေ ဖြစ်ခဲ့ပြီး၊ အချို့ အကြောင်းအရာတွေကတော့ ဂုဏ်ယူစရာ စိတ်အားတက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အချို့ အကြောင်းအရာများကျတော့ ပျော်ရွှ့င်ရယ်မောစရာ၊ အချို့အကြောင်းအရာများ ကျတော့လည်း ဝမ်းနည်း စိတ်မကောင်းစရာ ဖြစ်ခဲ့ပါတယ်.. လူတိုင်းမှာ မတူညီတဲ့ ဘဝကိုယ်စီ […]