ဂ်ဲသုSeptember 4, 20111min21216
မင်းခိုက်စိုးစံအကြောင်းမပြောခင် ကိုယ့်အကြောင်းကိုယ် အရင်ပြောရမှာပါ။ ကျွန်တော်တို.အဖိုးက ဉာဏ်းစမ်းပဟေဠိတွေကို စိတ်ဝင်စားပါတယ်။သူက စိတ်ဝင်စားတော့ သူ.သား ကျွန်တော်တို.အဖေကလည်း စိတ်ဝင်စားပါတယ်။ ဒီတော့ ကျွန်တော့်တို.အဖေကလည်း ကျွန်တော်တို.ကို ဉာဏ်စမ်းပဟေဠိတွေကို စိတ်ဝင်စားတတ်အောင် လေ့ကျင့်ပေးပါတယ်။ ကျွန်တော်တို.မှာ ညီအစ်ကို ၄ယောက်နဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ ငယ်ငယ်လေးကတည်းက ကျွန်တော်တို.အဖေက ဉာဏ်စမ်းပုစ္ဆာလေးတွေကို ကျွန်တော်တို.ညီအစ်ကိုတွေကို မေး။ ဖြေနိုင်တဲ့သူတွေကို မုန့်ဝယ်ကျွေးတာတို. ၊ မဖြေနိုင်ရင်လည်း စဉ်းစားနည်းလေးတွေပြောပြပေးတာတို.နဲ့ စိတ်ဝင်စားအောင်လေ့ကျင့်ပေးခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို. ညီအစ်ကို အကုန်လုံးနီးပါး ဉာဏ်စမ်းနဲ. ပတ်သတ်လာရင်ရူးသွပ်ကြပါတယ်။ ပုစ္ဆာ အသစ်တစ်ပုဒ်ရလာရင် အပြိုင်အဆိုင် စဉ်းစားတတ်ကြပါတယ်။ အဖြေရတဲ့ပုစ္ဆာတွေရှိသလို မဖြေနိုင်သေးတဲ့ပုစ္ဆာတွေလည်းအများကြီးပါ။ ဒီလိုနဲ့ လွန်ခဲ့တစ်၂ နှစ်လောက်ကလို.ထင်ပါတယ်။ သူငယ်ချင်းတစ်ယောက်က မင်းခိုက်စိုးစံဝတ္ထုတစ်အုပ်ထဲမှာ ဉာဏ်စမ်းပုစ္ဆာ တစ်ပုဒ်ပါတယ်ပြောလို. အမြန်ရှာဖတ်ကြပါတယ်။ ဝတ္ထုကတော့ သူ.ထုံးစံအတိုင်း အဓိက ဇာတ်ဆောင်ကို […]