မိုင်တွေ……..မိုင်တွေ ငါတို့ကြားမှာ မိုင်တွေ..ဝေးကြရပေါ့ ခ လေးရေ…….။ ထိမ်းထိမ်းသိမ်းသိမ်းလေး……… ငါ့မှာကြေကွဲနေရ သိုသိုသိပ်သိပ်လေး……….. ငါ့မှာနာကျင်နေရ ငါတို့တွေခြားနားခဲ့ကြရတယ်…။ အချစ်ဆိုတာ လိုက်ရင် ပြေးတယ် အချစ်ဆိုတာ ပြေးရင် လိုက်တယ် ငါ့  ကိုမချစ်လို့များ ထွက်ပြေးနေရော့………. လွမ်းနေတာတွေရေးချလိုက်ဖို့ ဒီကဗျာကို စတင်ခဲ့တယ်။ မင်း  မဖတ်ပေမယ့် ဒီကဗျာကို ငါ ရေးစပ်တယ်……. စောင့်မျှော်ခြင်းတွေသာ မီးကျွမ်းလု……။ လည်ပင်းထိအောင် ဝါးမျိုထားတဲ့ ငါ့ ရဲ့ အလွမ်းနဲ့ အအိပ်ပျပ်ပြီး ကျွံကျနေတဲ့ ငါ့ ရဲ့ မျက်တွင်းတစ်စုံဟာ ဆိုက်ရောက်မလာတဲ့ မီးရထားတစ်စင်းကို ရပ်ပြီးစောင့်နေမိတဲ့ သူရူးတစ်ယောက်လို နာရီတွေ အတိုင်းသား ငေးမောကြည့်နေရ ဟောဒီ သတင်းခေတ်ကြီးထဲမှာ ငါ တို့ ဝေးနေကြရတာ အံ့ဩစရာ ငါတို့နှစ်ယောက်ကြားမှာမှ ကမ […]