ကြောင်လေးOctober 10, 20111min1138
“ဘဂဝါ ဘုရား….မိန့်တော်ထား…………..သည် ၊သိကြားသာသနာရောက်ချိန်နီးပါ…..ပြီ။” အိမ်အနီးအနားက ဘုရားကြီး ရဲ့အလှူခံဌာနအော်လံမှထွက်ပေါ်လားသော ကိုလွှမ်းမိုးရဲ့ အောင်မြင်ခန့်ညားတဲ့အသံကိုကြားလိုက်ရပါတယ်။ ညနေ ၅ နာရီထိုးလို့ အလှူခံ ဌာနဖွင့်လျှင်ဖွင့်ခြင်း ဒီသီချင်းကိုနေ့စဉ် အရင်ဆုံးစဖွင့်တာပါ။ ” ကောင်းတဲ့သူကယ်မည်……..မကောင်းတဲ့သူဖယ်ရှားမယ်တဲ့…….ဘုရားတရားတော်နဲ့အညီ လော်မာများ……….. တော်ရာကိုရှား…………သာသနာများ………သိကြားကိုသာပင်အပ်နှင်းခဲ့ပါသည်……………… ဒီသီချင်းကိုဘယ်သူရေးဖွဲ့ခဲ့သလဲမသိပါ။ သီချင်းရဲ့အဓိပ္ပါယ်က ဘုရားသာသနာ ငါးထောင်ပြည့်ပြီးရင်  သိကြားသာသနာကိုရောက်မယ်။ လူ့လောကကြီးမှာ ဘုရားသာသနာကွယ်သွားရင် မကောင်းတဲ့သူတွေက ကောင်းတဲ့သူတွေကို နှိပ်စက်မှာစိုးလို့ ဘုရားက သိကြားမင်းကြီးကိုအပ်သွားတယ်။သိကြားမင်းကြီးက ကောင်းတဲ့သူတွေကိုကယ်တင်တဲ့အနေနဲ့ မကောင်းတဲ့သူတွေကို မိုးကြိုးလက်နက်နဲ့ပစ်ချပြီးဆုံးမမယ် ဆိုတာကို ငယ်ငယ်က လူကြီးတွေပြောတာကြားဖူးထားပါတယ်။ ကျွန်တော် တနေ့ကရေးထားသလို မိုးကြိုးဆိုတဲ့လက်နက် ဆိုတာက ကြေး ၊သံ သတ္ထုတွေနဲ့လုပ်ထားတဲ့ ပုဆိန်လိုလက်နက်လို့ ရှေးလူကြီးတော်များများကလက်ခံယုံကြည်ထားကြပါတယ်။ အသက်အားဖြင့် ၃ဝ အထက် လူများပါ။ အခုအသက် ၂ဝ အောက်လူငယ်တွေဒါကိုပြောသံသိပ်မကြားရတော့ပါဘူး။ မကောင်းတဲ့သူဆိုတာဘယ်လိုလူမျိုးတွေပါပါသလဲ။ ဘယ်လောက်များများရှိနေသလဲ။မကောင်းတဲ့သူတွေများတဲ့နေရာပတ်ဝန်းကျင်ဟာမိုးကြိုးများများအပစ်ခံရမယ့်သဘောပေါ့။ […]