ကျုပ်တို့တစ်တွေ မင်းသားကြီးဖြစ်ချင်ပါသလား ပတ်မကြီးထိုးဖေါက်ပစ်မည် ခြိမ်းခြောက်တိုင်း မင်းသားဖြစ် မည်လော မင်းသားဖြစ်ရန် သင့်တွင်မင်းသားဖြစ်နိူင်လောက်သည့် အရည်အချင်း အချို့ရှိမှ မင်းသားဖြစ်နိုင်ပါသည် မင်းသားဖြစ်ရန်အတွက် သင့်တွင် ရုပ်ရည်အတန်အသင့်လည်းရှိ  အဆိုအငိုအပြော လေ့လာထားမှုအားကောင်း ဇဝနညာဏ် လည်းရွှင်  မရှက်မကြောက်ရှိပြီး  စကားကြွယ်တတ်ရမည် အမှုအရာကောင်းရမည်  စာပေ ဗဟု သုတ လည်းအတန်အသင့်ရှိပေမှ  မင်းသားဖြစ်မည် အဓိက ကတော့ အနုပညာ ဝါသနာဗီဇ ပိုး ရှိ ရမည် ဘယ်လောက်ပင် ဝါသနာရှိ ပါစေ အထက်ပါအချက်တွေ အပြင် ရှေး အစဉ် အဆက် မင်းသားကြီး၏နည်းနာကိုလည်းမှတ်သား နာယူနိုင်မှသာ မင်းသားဖြစ်နိုင်သည် ။။။ ကျွန်နုပ်တိုလူတွင်လည်းဘယ်လောက်ပင် အောင်မြင်ချင်သည်ဖြစ်စေ အောင်မြင်လိုစိတ် ရှိမှသာအောင်မြင်နိုင်ပေမည် အောင်မြင်ချင်စိတ်အား ထပ်မံအားကူ တွန်းထိုးပေးနိုင်သည် အောင်မြင်အောင်လုပ် မည်ဟူသော“ ပိုး” […]