zaw winSeptember 18, 20171min1853
မမှန်မကန် လုပ်ကြံစကား မရိုးသားတဲ့ မုသားပုံရိပ်များ ကိုယ်ကျိုးလိုလား နောက်ကွယ်မှ မြှောက်ပင့်စကား လေလာရင် နှင်:ပျောက်သွား ရိုးသားရဲရင့်သူရဲ့သစ္စာစကား မင်းတို့အားလုံးမှတ်လို့ထား နေလိုအမှောင်ခွင်းလို့သွား။ မင်းသုတ 21:50 P.M 16.9.2016


zaw winAugust 17, 20171min1573
ဆောင်ကြာနှင်း အမှောင်တကာခွင်း ဒါပေမဲ့မလင်း ငါ့ရင်မှာမရှင်း အနေကြာလာ လောကအလယ်မှာ မောဟတွေသာ ဆောင်ထားလို့သာ ဒုက္ခဝေဆာ အောင်မြင်မှုမရှည်ကြာ လင်းမလိုလိုနဲ့ နှင်းဖုံးအုပ်ရှာ တဝဲလည်လည်ပါ။ မင်းသုတ 11း00 A.M 17.8.2017


zaw winNovember 10, 20151min1973
ကျေပါတယ် မအေးစိန်ရယ် ကျေပါတယ် ကိုသိန်းဖေရယ် အမုန်းတွေ သင်ပုန်းချေပြီး ပျော်ပျော်ရွှင်ရွှင် နေကြမယ် အားလုံးဟာ တို့နိုင်ငံသားတွေမို့ နိုင်ငံကောင်းဖို့ လုပ်ကြကွယ် မင်းသုတ 06း30 A.M 10.11.2015


zaw winNovember 2, 20151min1403
စတိတ်ရှိုး ပရိသတ်က တောင်းဆိုတယ် မင်းအလှည့်ပြီးရင် ဆင်းပါကွယ် နောက်လူအလှည့် ကျန်သေးတယ် မင်းဆိုတာလည်း ကောင်းပါတယ် သူဆိုတာလည်း ကောင်းပါတယ် ဒါပေမဲ့လည်း အလှည့်ဆိုတာပေးရတယ် စိတ်မဆိုးနဲ့ ကောင်လေးရယ် မင်းသုတ 06း33 A.M 2.11.2015


zaw winAugust 5, 20151min801
မေတ္တာတွေ ပွားတဲ့ ချစ်သဒ္ဓါ ရေလှိုင်းရဲ့ မြန်မာတို့ရဲ့ ပရအကျိုးဝေ နောက်တိုးရေ တို့မမှုပေ တပြည်လုံးတိုးတဲ့ရေ ဒုက္ခပင်လယ်ဝေ ဒါပေမဲ့လေ ညီညွတ်တဲ့အားနဲ့ ကြံ့ကြံ့ခိုင်လျှက် ကျော်လွှားနိုင်မယ်လေ မေတ္တာရေလှိုင်း တိုးလို့သာဝေ။ မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ဆောင်ရွက်သူ၊ ထောက်ပံ့သူ၊ လှူဒါန်းသူ ပရဟိတ မေတ္တာရှင်များအား ဂုဏ်ပြုသောအားဖြင့် ရေးဖွဲ့ပါသည်။ မင်းသုတ 19း15 P.M 11.3.2015


zaw winNovember 25, 20141min1043
ကိုးလလွယ် ဆယ်လဖွား ကျေးဇူးကြီးလှတဲ့အမေ၊ သားတို့ သမီးတို့ လူလားမြောက်အောင် လုပ်ကိုင်ရှာဖွေ ပင်ပန်းခဲ့တဲ့အမေ၊ ဘဝရဲ့ဒဏ်ကိုခံစားနေရတဲ့ ငယ်စဉ်က ချောမောလှပခဲ့တဲ့အမေ၊ သားတို့ သမီးတို့ တလှည့်ပြုစုပါရစေ တစ်ခါပြန်ပြီး နွေးထွေးပါရစေ အမေမရှိမှ တမ်းတနေရမဲ့အစား သက်ရှိထင်ရှား အမေအားရှိအောင်ထားပါရစေ။ မင်းသုတ 21း30 PM 23.11.2014


zaw winJuly 23, 20141min911
– မေ့လျော့နေတဲ့ ငါ့ရဲ့စိတ်တွေ နိုးကြားလာခဲ့ပြီ၊ – သတိမထားမိတဲ့ ငါ့ရဲ့အရည်အချင်းတွေ တဖြေးဖြေးနဲ့ သိလာရတယ်၊ – လေလွင့်နေတဲ့ ငါ့ရဲ့စိတ်တွေ ပြန်ပြီး ထိန်းချုပ်ရမယ်၊ – မျှော်လင့်ချက်မဲ့နေတဲ့ ငါ့ရဲ့အနာဂတ်တွေ ပုံဖော်ပေးရမယ်၊ – ငါ့ရဲ့ကိုယ်ပိုင်အရည်အချင်း အရည်အသွေးတွေကို ငါကိုယ်တိုင်ကြိုးစားမြှင့်တင်ပေးရမယ်။ မင်းသုတ 9:30 AM 23.7.2014


zaw winApril 25, 20131min1989
မြအဆင်းလို အေးမြကြည်လင် အရာရာတွင် ငြိမ်းချမ်းလျက်ရှိပါစေ သန္တာကျောက်တန်းလို ပင်လယ်ရေလှိုင်း လေရဲ့ဒဏ်ကို တည်ငြိမ်စွာ ကြံ့ကြံ့ခိုင်နိုင်ပါစေ ဖြူစင်စိတ်ထား မေတ္တာပွားလျက် လူ့ပတ်ဝန်းကျင် ကောင်းကျိုးချမ်းသာ ပြုပါရစေ။


zaw winApril 22, 20131min1173
လမ်းထွက်လျှောက်မယ် သမီးလေးရယ် ခရေပင်လမ်းဆီကွယ် ခရေပန်းလေးတွေကောက်ကြမယ် လိုက်ခဲ့ပါလားကွယ် ဟိုမှာတပွင့် ဒီမှာတပွင့်ရယ် တွေ့အောင်ရှာကြမယ် မွှေးလှတဲ့ပန်းကလေးတွေရယ် ဘုရားလှူကြမယ် မေမေကြိုက်တဲ့ ခရေပန်းကုံးလေးအတွက် တဝက်ဖယ်ထားမယ် ဟိုမှာကြည့်စမ်း သမီးလေးရယ် မီးခွက်ကလေးနဲ့ မိသားစုတစုရယ် ဝမ်းစာရှာကြတယ် ပညာသင်ဆဲ ကလေးများရယ် မိဘကူကြတယ်။ ကြိုးစားရင်းနဲ့ ဘွဲ့ရတယ် ဂုဏ်ယူစရာဘဲကွယ်။ မင်းသုတ 18:30 P.M 22.4.2013