ဒီသတင်းကို မလေးရှားနိုင်ငံတွင်ထုတ်လုပ်ဖြန့်ချီသော ဝံသာနုသတင်းဂျာနယ် အတွဲ-၁၊အနှတ်-၁၄(ဇူလိုင်-၉-၂၀၁၁)နေ့စွဲပါ။သတငးဂျာနယ်မှရရှိပါသည်။တာဝန်ခံထံမှလည်း သတင်းဖြန့်ဝေရန်အတွက်ခွင့်ပြုချက်ရယူပီးဖြစ်ပါသည်။ သတင်းအပြည်အစုံမှာ။    ။ကမ္ဘာ စားနပ်ရိက္ခာရှားပါးမူဟာ အရေးတကြီးဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ်ဖြစ်နေပါတယ်…သို့သော်လည်း ပါမောက္ခ အီကီဒါ ကတော့ ၎င်းရြ့နောက်ဆုံးပေါ် တီထွင်ကြံဆမူဖြစ်သည့် လူ့မစင်မှနေပရိုတိန်းဓါတ်ပါသည့်အသားတုတစ်မျိုး တီထွင်ထုတ်လုပ်နိုင်မူဟာ ထိုအခက်အခဲပြဿနာကို အရေးပါသည့် နေရာမှ ကူညီဖြေရှင်းပေးနိုင်ယ်လို့ ယူဆနေပါတယ်…. အိုကာယာမာ ဓါတ်ခွဲစမ်းသပ်ခန်းမှ ဂျပန်နိုင်ငံသား သုတေသနပညာရှင်က ၎င်း၏တိုင်းပြည်တွင် မိလ္လာပြဿနာများမနိုင်မနင်းဖြစ်နေခဲ့သဖြင့် တိုကျို မိလ္လာဌာနနေဖြင့် ထိုအခက်အခဲကို အကျိုးရှိစွာဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖွေဖို့ ၎င်းအား ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်….ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ ကြောင်တောင်တောင်နိုင်လှမူဟာ လူသိများတာကြောင့်ယခုလို ရွံရှာဖွယ်မစင်မှ အစားအသောက်အဖြစ်ထုတ်လုပ်မည်ဟု စိတ်ကူးကြံဆ တီထွင်ချက်ဟာ သိပ်တောါမထူးဆန်းလှပါဘူး…၎င်းရဲ့ သုတေသနပြုမူကာလတွင်းမှာ ပညာရှင် အီကီဒါ ဟာ မိလ္လာအညစ်အကြေးအဖတ်များတွင် ပရိုတင်းဓါတ်များ အမြောက်အများပါဝင်နေသည်ကို တွေရှိရလို့ ထိုတန်ဖိုးရှိ ပရိုတိန်းများအား […]