ယပ်တောင်လေး တဖျပ်ဖျပ်ခတ်လိုက်ဟောဒီလမ်းမကြီးကို မျှော်ကြည့်လိုက်နှင့် မစိန်ရီ နေမထိထိုင်မသာဖြစ်နေတာ သိသာလှသည်။ ဒါမျိုးဆိုရင် မစိန်ရီ စားဖို့သောက်ဖို့ပူနေရပြီဆုိုတာ သိသာ၏။ ခါတိုင်းလို တိမ်ပြာမို့မို့လွင်သီချင်းကိုလေသံတိုးတိုးလေးတောင် မညည်းနိုင်မှတော့ မစိန်ရီ ဘယ်လောက် ယောက်ယပ်ခတ်နေမလဲ ဆိုတာကိုတွေးသာကြည်တော့ပေါ့။ မနေ့ညက မိုးကြီးထားတော့ အနည်းဆုံး ဒီနေ့ ကိုကျော့မောင် ထမင်းစားကျောက်ကလေးပဲရလာပါဦး အူတော့ စိုကိုစိုလာမည်။ ဒါ့အပြင် ကိုကျော့မောင်ရဲ့ ကြံရည်ဖန်ရည်နဲ့ဆိုသောင်းဂဏာန်း ပိုပိုလောက်တော့ ပါလာနိုင်သည်။ ဒီလိုဆိုရင် ဒီနေ့ညအဖို့ မစိန်ရီ စိတ်ကူးထဲမှာလသာလို့ရပြီ။ အဲဒီလ သာမလား မသာမလားဆိုတာတော့မစိန်ရီက ခုမှ အိမ်ရှေ့ထွက်လမ်းမပေါ် မျှော်ရတာကိုကပဲ မောမောလှပေါ့။ သူတကာတွေ ဟေးခနဲဝေးခနဲ ကျောက်ထမ်းပြီး ရွာထဲဝင်လာရင် ကိုကျော့မောင်များပါလာလေးမလားလို့ မျှော်ကြည့်ရတာလည်းမောပါသည်။အနည်းဆုံးနောက်နားကျကျကနေပဲဖြစ်ဖြစ် ရှေ့ကနေပဲ ဖြစ်ဖြစ် စိန်တူတွေစုပြီး ထမ်းလာသည့်လူတွေထဲတွင် ကိုကျော့မောင်ကိုရှာရတာလည်း မျက်စိတွေမူးရသည်။ ကျောက်မရလို့ သူများတကာရသည့်ကျောက်ကိုလိုက်ထမ်းပေးဦး […]