fattySeptember 29, 20101min18218
မန်းတလေးဂေဇက်ကိုကျေးဇူးတင်ကြောင်းတော့အရင်ပြောပါရစေ။ ဒီလိုပါ .. အက်မင်တွေက ဒီဝက်ရဲ့ ရည်ရွယ်ချက်တွေကိုလဲပြောပြီးပါပြီ။ စာရေးသူများဘက်ကလည်း ပိုပြီးကျေးဇူးတင်စရာတွေရှိနေပါတယ်။ လွတ်လွတ်လပ်လပ်ရေးလို့ရတယ် ၊ ဟိုတုန်းကဆိုရင်တော့ ကလောင်တချောင်း ပိုင်ခွင့်ရတယ်ပေါ့။ လွတ်လွတ်လပ်လပ်ရေးခွင့်ရတဲ့အတွက် စာရေးသူတွေဘက်က ပိုပြီးတာဝန်ကြီးတယ်ဆိုတာ သတိထားမိလို့ပါဘဲ။ ကိုယ်ရေးတဲ့စာကိုယ်တာဝန်ယူရမှာကိုး … ကိုယ့်ကိုယ်ကိုထိမ်းသိမ်းတဲ့အကျင့်ရလာပါမယ်။ .. ဒါဟာ ..ဒီမိုကရေစီရဲ့အခြေခံကို ဒီဝက်ကကျင့်ပေးနေ တယ်လို့ပြောချင်ပါတယ်။ ဒါကြောင့်ကျေးဇူးတင်ကြောင်းပြောရတာပါ။ တခုရှိတာကတော့ ..ငွေကြေးကုန်ကျမှုတော့ရှိတာပေါ့လေ။ တစ်နာရီကို ၄၀ဝ -၃၀ဝ ကျပ်မျိုးပေးရတာကိုး။ condition မကောင်းရင်တော့ ပိုကုန်တာပေါ့လေ။ ဓာတ်ပုံလေးများတင်မယ်ဆိုပိုလို့တောင်ကုန်ပါသေးတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေအရဆိုသိပ်တော့မစားသာဘူးပေါ့ ရေးနေကြသူတွေကလည်း မရးရမနေနိုင် .. ဝါသနာဆိုတာဒီလိုပါဘဲ။ တလလောက်ဆက်ရေးလိုက်ရင် ဘတ်ဂျက်ကတော်တော်သိသာလာပါပြီ။ အဓိကပြောချင်တာကတော့ … top ten ထဲကတယောက် …ဘတ်ဂျက်မတတ်နိုင်တော့လို့ ..စာရေးသားတာရပ်ဆိုင်းသွားပြီဆိုတဲ့အကြောင်းပါဘဲ။ သိပါတယိနော် ဒီနိုင်ငံအခြေအနေ။ ……။