ကို သာAugust 11, 20121min884
မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်၊့ ပြည်သူလူထု ရပိုင်ခွင့်တွေနှင့် ပတ်သက်ပြီး တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို အစီရင်ခံစာတစ်စောင် တင်ပြခဲ့ပါသည်။ တရားစီရင်ရေးမှာ တာဝန်မကျေပွန်သော၊ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းသော တရားသူကြီးများ၊ ဝန်ထမ်းများကို ဖယ်ရှားပြီး ပြည်သူ့တွေက ရွေးချယ်သူတွေနှင့် ပြန်လည်အစားထိုး ခန့်အပ်ရန်လိုကြောင်း စသဖြင့် ပြောဆိုခဲ့သည်ဟု NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါသည်။ “မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးမှု အနိမ့်ကျဆုံး နိုင်ငံစာရင်းမှာ ကမာ္ဘက ထည့်သွင်းထားသည်ကို တွေ့ရတယ်တဲ့။ တရားစီရင်ရေး မဏ္ဍိုင် အဂတိတရားများ ဖုံးလွှမ်းနေဆဲ ဖြစ်ကြောင်း ပြည်တွင်း ပြည်ပက ကျယ်လောင်စွာ ဝေဖန် အော်ဟစ်နေကြ တယ်။ ယိမ်းယိုင် တိမ်းစောင်းနေတဲ့ တရားစီရင်ရေး […]