ထားရစ်ခဲ့တဲ့ အလွမ်း လက်ကျန်တွေနဲ့ ဘဝကို…….. ပြစ်စလက်ခတ် ေနပြစ်လိုက်တယ် စိတ်ပျက်ခြင်းနေ့ရက်တွေကြား နာရီသံတွေကိုနာကျည်းမိတယ်……. နေဝင်….နေထွက် မင်းရဲ့  မျက်ဝန်းတွေက ကို့ ရဲ့  အတွေးတွေကိုထိုးနှက် နှိုးစက် ကကြားလိုက်ရတဲ့ ငှက်ကျေးသံတွေကို မုန်းမိတယ်…... ပလက်ဖောင်းပေါ်မှာ အလွမ်းဝန်ထုပ်နဲ့ ဒုက္ခတွေကိုရင်ဝယ်ပိုက်ရင်း နေမင်းကိုအန်တုနေတဲ့ နှလုံးသားတေလေသမားပါ……… အဲ့ဒီအတွက်…….. ငါ့…နာကျည်းချက်တွေ ဘယ်အရာကို ကောက်ချက်ချပြီး အပြစ်တင်ရမလဲ ရှိစေတော့….. မနက်ဖြန်မှာလွမ်းဖို့….အိပ်စက်လိုက်ပါဦးမယ် ။ နာကျင်စရာတွေ ပြည့်လျှံလာတဲ့အခါ ငါ...ဆိုတဲ့အတ္တရှင်တွေကြား ကံကြမ္မာလှောင်ပြုံးတွေနဲ့ အချစ်ကံကလည်းဆိုးပါ့…… နုံချာမှုတွေနဲ့ ငါ့ဘဝ ဝန်းကျင်တစ်ဝိုက်မှာ ဘယ်လိုလွင့်ရပါ့….. သဘာဝအတိုင်းရှိနေတဲ့ခွန်အားနဲ့ လောကဓံကပေးတဲ့ ပြစ်ချက်တွေ….ဟာ မမျှတတော့…… မိုးလင်းမိုးချုပ် အတွေးဆိုးတွေနဲ့ပဲ အာရုဏ်လင်းခဲ့ရတယ်………. မုန်တိုင်းထန်တဲ့ ကို့ ဘဝ ပျက်စီးခြင်းတွေပဲ ရင်ဆိုင်နေရတဲ့နှလုံးသားရဲ့  ဒုက္ခ အိပ်မက်ဆိုးတွေ ကိုကြောက်လို့ […]