weiweiFebruary 7, 20134min876111
ကျွန်မတို့လူသားအားလုံး အာရုံ ၆ ပါးနှင့် မကင်းနိုင်ကြပါဘူး။ ကောင်းတဲ့အာရုံတွေ ခံစားချင်ကြတာလဲ လူ့သဘာဝပဲဖြစ်ပါတယ်။ မျက်စိဖြင့် ခံစားသိရှိနိုင်သော ရူပအရသာ၊ နားဖြင့်ခံစားနိုင်သော သောတအရသာ၊ နှာခေါင်းဖြင့် ခံစားနိုင်သော ဂန္ဓာအရသာ၊ လျှာဖြင့် ခံစားသိရှိနိုင်သော ဇိဝှာအရသာ၊ ကိုယ်ခန္ဓာဖြင့် ခံစားနိုင်သော ဖောဌဗ္ဗာအရသာတို့ကို နေ့စဉ်ခံစားရင်း ရှင်သန်လှုပ်ရှားနေကြပါတယ်။ နေ့စဉ် အသက်ရှင်ဖို့ စားသုံးနေကြသည့် အစားအသောက်များအတွက်လဲ ချို၊ ချဉ်၊ ဖန်၊ ငံ၊ စပ်၊ ခါး စသည့် အရသာမျိုးစုံကို မျှတအောင် စီမံချက်ပြုတ်ပြီး အရသာခံကာ စားသောက်ကြပါတယ်။ အများအားဖြင့် ရိုးရာအစဉ်အလာအတိုင်း ချက်ပြုတ်စားသောက်ခြင်းကို နှစ်သက်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ ပြင်ပအစားအစာများကို မြည်းစမ်း စားကြည့်ရင်း ကြိုက်နှစ်သက်တာရှိသလို မနှစ်သက်တာလဲ ရှိကြပါတယ်။ ကျန်းမာရေးအတွက် ကြိုက်တာကိုမစားရပဲ မကြိုက်တာကို ဇွတ်မှိတ်စားရတာမျိုးလဲ […]


padonmarJanuary 23, 20132min76453
၂၀-၀၁-၂၀၁၃ မန္တလေးဂဇက် အဖွဲ့ဝင်များ ဆုံစည်းပွဲမှာ P.Chogyi က အမှတ်တရ ဂဇက်လိုဂို ပါတဲ့ သော့ချိတ်ကလေးတွေကို တက်ရောက်လာသူတိုင်းကို လက်ဆောင်အဖြစ်ပေးပါတယ်။ (သဂျီး အတုယူဖွယ်) ပွဲမတက်လိုက်ဖြစ်တဲ့သူတွေကို ကြွားထှာ။ စိတ်ကူးကောင်းတဲ့ ကို ပီချိုကြီး ကိုလည်း ကျေးဇူးတင်ပါတယ်ပြောရင်း မောင်အံတို့ စိန်ဗိုက်တို့ပေးနေကျဆုလေး တောင်းပေးလိုက်ပါတယ်။ ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ပါစေ။ တက်ရောက်လာသူတိုင်းကို သစ်သီးဖျော်ရည်အအေး တစ်ခွက်စီ ကြိုက်ရာ မှာစေပြီး ဧည့်ခံရင်း မိတ်ဆက်ပွဲစလိုက်ပါတယ်။ ဂဇက်မန်ဘာတွေ တစ်ဦးချင်းမိတ်ဆက်တာကတော့ ဆြာအုပ်ရဲ့ ပို့စ်မှာ ဖတ်ကြပါ။ မိတ်ဆက်တဲ့ အချိန်မှာ ဦးကျောက်နဲ့ ဦးမိုက်တို့ တစ်ယောက်တစ်ပြန် မိုက်လုပြောနေကြတာကိုက ပျော်စရာ ဖြစ်ခဲ့ရပါတယ်။ Willie Smith (ဒီနာမည်မှန်ရဲ့လား) နဲ့ ကျော်ဟိန်းရောက်နေတယ်မှတ်ပြီး စားပွဲထိုးလေးတွေတောင် ဝိုင်းရယ်နေကြပါတယ်။ အားလုံးမိတ်ဆက်ပြီးတော့ ဆုပေးပွဲပါ။ […]


padonmarJanuary 21, 20131min52431
အခမ်းအနားစဖို့ လူတွေနေရာယူမယ်လို့ပြင်နေတုန်း ခေါင်းပေါင်းကြီးနဲ့ တိုက်ပုံအဖြူဝတ်လို့ ရွှေတိုက်နဲ့ နင်လားငါလား ထွားကျိုင်းတဲ့ အရပ်ပိုင်ရှင် ဝင်လာပါတယ်။ အို ဂဇက်ရွာသူသားတွေကို ဒီလို ရုပ်ဖျက်လာလို့ ဘယ်ရမလဲ။ လူတိုင်းက မိုင်နိမ်းအစ်စ် ဖတ်ထားတဲ့သူတွေပဲ၊ `ဂန္ဓာရီစာအုပ်´လို့ ဝိုင်းအော်လိုက်ကြတာပေါ့။ ဆုယူမယ့်သူ ၆ယောက်မှာ တစ်ယောက်လိုနေသေးတော့ ခဏစောင့်နေတုန်း လိမ့်လိမ့်လိမ့်လိမ့်နဲ့ တောင်ကြီးနှစ်လုံးလို Fatty Cat တို့စုံတွဲ ရောက်လာပါတယ်။ အာဂနဲ့နွယ်ပင် မောင်နှစ်မ(အာဂအပြောပါ)လည်း ကရဝိက်ဖက်ကနေ ရောက်လာပါတယ်။ ဘာမှ မပတ်သက်ပါဘူးဆိုတဲ့ အိတုံနဲ့ ဒေါက်တာ AKKO ကတော့ လူရင်းတွေပီပီ အစောကြီးကတည်းက ကြိုဆို နေရာချပေးနေပါတယ်။ အဲဒီအချိန် လူတစ်အုပ်ဝင်လာတာတွေ့တော့ ဘယ်သူတွေများပါလိမ့်လို့ ဝိုင်းအကဲခတ်ကြပါတယ်။ မောင်ဝါဝါ ကတော့ သူ့အဗာတာ ပုံအတိုင်း ပြေတီဦးထက်ချောတဲ့ ရုပ်နဲ့ဆိုတော့ မှတ်မိကြပါတယ်။ ရင်နင့်အောင် […]


padonmarJanuary 20, 20131min102743
ဂဇက် တွေ့ဆုံပွဲက ၂၀-၀၁-၂၀၁၃ နံနက်၉နာရီမှာ စပါမယ်တဲ့။ ရွာတော်ရှင်ဆူးက လူသိများတော့ ဧည့်ခံကြိုဆိုရေး ဥက္ကဋ္ဌ အမတ်မင်း အဖွဲ့ဝင် ရွှေတိုက်စိုး နဲ့ အခမ်းအနားပြင်ဆင်ရေး ဥက္ကဋ္ဌ ရွှေတိုက်စိုး အဖွဲ့ဝင် အမတ်မင်းတို့ကိုကူဖို့ စောစောသွားနှင့်ပါတယ်။ အနောင်စာလုပ်ဖို့ မှန်ရှေ့မှာ လေ့ကျင့်ရင်း ခါးနာသွားတဲ့ မမ ကြာကြာမထိုင်နိုင်မှာစိုးလို့ ကျမတို့ အမွှာညီအမ နှစ်ယောက် ကိုနေချား မောင်းပို့တဲ့ ကားနဲ့ P3 ထိုင်း စားသောက်ဆိုင် ကို ၉နာရီအရောက်သွားကြပါတယ်။ ကန်တော်ကြီးထဲ ဂန္ဓာရီလမ်းညွှန်အတိုင်း မောင်းဝင်သွားလိုက်တာ ရွှေရောင်စဉ့်အိုးကြီးတွေ ရှေ့မှာ P3 စားသောက်ဆိုင်ကိုရောက်လာပါတယ်။ ဝင်ပေါက်ကနေ အထဲကို ကဲကြည့်လိုက်တော့ လူတွေ တော်တော်ရောက်နေကြပါပြီ။ ထိုင်ခုံမှာထိုင်နေတဲ့ အန်တီချောချောကြီးကိုမြင်မြင်ချင်း မိုချိုမိတ်ဆက်ပေးထားတဲ့ မိုချို့အမေပါပဲလို့ သိလိုက်ရတဲ့အတွက် သွားပြီးနှုတ်ခွန်းဆက် ဂါရဝပြုလိုက်ပါတယ်။ […]


Ma MaDecember 5, 20122min66178
မန်းဂဇက် မင်္ဂလာပါ :hee: မြန်မာပြည်ရဲ့ ကံဇာတာ တက်လာလို့….. အမေရိကားသမ္မတ အိုဘားမားကိုယ်တိုင် မြန်မာပြည်ကို ရောက်လာရသလို…. မန်းဂေဇက် ကံဇာတာ တက်လာလို့ ………… သကြားမင်းဦးမာဃ ကိုယ်တိုင်တောင် ဖတ်ကူဖို့ ပရိုပိုစ့် လုပ်လာရတယ်။ :kwi: ဒီလထဲမှာ- မြန်မာပြည် (သို့) ရန်ကုန် (သို့) ရန်ကုန်တက္ကသိုလ် အတွက် ……… နှစ်ပေါင်း ၆ဝ ကျော်အတွင်းမှာ ထူးခြားတဲ့ သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ အမေရိကားသမ္မတ ဘာရက်အိုဘားမားရဲ့ ခရီးစဉ်ကိုလည်း ……… သမိုင်းတွင်မယ့် ၁၉-၁၁-၂၀၁၂ လို့ …….. ပထမဦးဆုံး မှတ်တမ်းတင်ချင်ပါတယ်။ သမိုင်းတွင်မယ့် ခရီးမှာ နောက်ထပ်မှတ်တမ်းတင်ချင်တာကတော့ ……….. မန်းဂေဇက်သဂျီးမင်းရဲ့ အလိုတော်အတိုင်း မင်္ဂလာပွဲကို ဒီလထဲမှာ ၂ပွဲကြီးများတောင် ကျင်းပနိုင်ခဲ့ပါတယ်။ ပထမ မင်္ဂလာပွဲကတော့ […]