padonmarJanuary 20, 20131min28554
ပန်းတနော် အလှူတုံးက ကိုပေါက်က ပြောခဲ့ပါတယ်။ လူချင်းမတွေ့ဖူးပေမယ့် စိတ်ချင်းခင်ကြတဲ့ လေထဲကမိတ်ဆွေတွေ စုပေါင်းလှူဒါန်းတဲ့ အလှူလေးပါလို့။ ဝင့်ပြုံးမြင့်ကတော့ တိမ်ယံကြားက ဂဇက်ရွာပါတဲ့။ ဟုတ်ပါတယ်။ လေလှိုင်းထဲက (ပိုတိကျအောင်ပြောရရင် အင်တာနက်ထဲက) မိတ်ဆွေတွေ တွေ့ဆုံကြဖို့ အခွင့်အရေးလေး ရခဲ့ပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ရှုံးလူ မြန်မာပြည်ပြန်ရောက်တုံး တွေ့ကြဖို့ Moonpoem က စီစဉ်ပေမယ့် လူချောင်းပွဲလေးဖြစ်ပြီး တွေ့ခွင့်မသာခဲ့ပါဘူး။ ကြားထဲမှာ အလှူတွေ စီစဉ်ကြရင်း တွေ့ဖူးပြီးသားမိတ်ဆွေ အသိုင်းအဝိုင်းလေး ပိုပြီး ကျယ်ပြန့်လာပါတယ်။ ဒီတစ်ခေါက်တော့ မန်းဂဇက်ချစ်သူများ စာပေဆုပေးပွဲလေး စီစဉ်ဖြစ်ရင်း သူကြီးအဆို ဂဇက် ကွန်ဖရင့် လုပ်ဖြစ်သွားပါပြီ။ အင်တာနက်ထဲမှာ ကွန်မန့်တွေနဲ့ နောက်လိုက်ပြောင်လိုက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်ခဲ့ရတဲ့ ရွာသူားတွေ ဆိုတာ လူသားစင်စစ်တွေပါလားလို့ မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါပြီ။ […]