moonpoemDecember 11, 20121min25117
မိဘ၂ပါးနဲ ့အဘွား လူကြီး ၃ယောက်သာ နေနေရတဲ့ မန်းတလေးက အိမ်လေးကို မကြာခဏဆိုသလို ပြန်ချင်ပေမယ့် တစ်ခါတစ်ခါပြန်ရင် ငွေက တစ်သိန်းကျော် လောက်ပြုတ်တတ်တာမို ့သွားဖို ့ဆိုတာ တော်တော်လေး ချိန်ရပါတယ်။ လူ ကုံထံ အသိုင်းအဝိုင်းအတွက် ငွေတစ်သိန်းဆို တာ စာ ဖွ ဲ ့စရာ မဟုတ်ပေမယ့် ကုမဏီ ဝန်ထမ်းတစ်ယောက်အတွက်တော့ တစ်လတစ်လကို ငွေစုမိဖို ့ဆိုတာ တော်တော် ခက်ခဲတဲ့ အရာတစ်ခုပါ။ ဒီတစ်ခါတော့ ကျွန်မတို ့မောင်နှမ ၃ယောက်ပြန်ဖို ့စာတွေ အပြန်အလှန်ရေးကြ၊ တိုင်ပင်ကြနဲ ့ ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ အားလုံးစုပြီး ပြန်ဖြစ်ခဲ့ကြပါတယ်။ မတွေ ့ရတာကြာနေတဲ့ မောင်နှမတွေ ပြန်ဆုံပြီး မိဘတွေကို ဘာနဲ ့ကန်တော့ကြမယ် အမေက […]