“ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင် ပဟေဠိအစီအစဉ်” (မန္တလေးဂေဇက်ချစ်သူအောက်တိုဘာလ ဇကာတင်စာရင်း)   အခုခေတ်မှာ ဟိုဟာနဲ့ပြိုင်ဒီဟာနဲ့ပြိုင်ကြတာက  အတော်လေးခေတ်စားပါတယ်။ ဒါကြောင့် ၂၀၁၂ (အောက်တိုဘာလ)မန်းလေးဂေဇက် ချစ်သူ ဇကာတင်စာရင်းကို လည်း ခေတ်နဲ့အညီ ပဟေဠိလေးနဲ့အဖြေညှိဘို့အတွက် “ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင်”အစီအစဉ်လေးနဲ့ တင်ဆက်လိုက်ရပါကြောင်း ရွာသူားအပေါင်းတို့ ………………………………………. “ရို့…………ရို့………………ရို့……………ရို့” ဟစ်ဟော့သီချင်းဖွင့်၍ ဂဏန်းစတိုင်အကဖြင့် စာဖတ်ရွေးအဖွဲ့က ဧည့်လိုက်ပါသည်။ (မှတ်ချက် ယူရေနီယံအဖွဲ့ထံတွင် သုံးရက်တိတိသွားရောက်လေ့ကျင့်ထားပါသည်။)   “ပန်းပဟေဠိ”   ပြန်တမ်းဝင် ရတနာပုံဝင်းအတွင်း ဥယျာဉ်မှူးတွေကလဲ ပေါမှပေါ။ ပန်းခင်းတွေများမှများ။ တစ်လတစ်ခါ အလှဆုံးပန်းတစ်ပွင့် ဝင်ရွေးကြည့်ကြတဲ့အခါ။   တူညီတာ မတူညီတာအပထား ရနံ့သင်းရာ အဆင်းလှရာ အရောင်စုံရာ ပန်းကလေးများ ကိုရွေးထုတ်၊ ပန်းကုံးလေးတစ်ခုအဖြစ်ဖန်ဆင်းခဲ့ကြပါတယ်။   ၂၀၁၂ အောက်တိုဘာ ပန်းစိုက်လာသူ တစ်ဆယ့်ခွန် ပန်းကောက်သူ ကတော့ […]