အကြောင်းအရာကတော့ မနေ့က ကိုမိုးသီးရဲ့ဆိုဒ်ထဲမှာပါလာတဲ့…မဇိ္စုမ သတင်းဌာနက မြန်မာပြည်မှာ ရုံးဖွင့်ပြီးတော့ ပြည်တွင်းသတင်းမီဒီယာအဖြစ်သို့ ဝင်ရောက်လာမယ့် အကြောင်းကိုဖတ်မိပြီး…မန်းဂေဇက်လည်း ဘယ်တော့ မြန်မာပြည်မှာ ရုံးဖွင့်နိုင်မလဲပေါ့နော်..ပြည်တွင်းမီဒီယာအဖြစ်ပါပြောင်လဲဖို့ရှိပါသလားဆိုတာကို သိချင်သောစိတ်ပြင်းပြလာသောကြောင့် ဤပို့စ်တင်ကာ သူကြီးအား ဗျူးလိုက်ခြင်းဖြစ်ပါသည်။(သူကြီးက သူများတွေကိုပဲ ဗျူးနေလို့ သူကိုပြန်ပြီး အခွင့်အရေးရတုံးဗျူးရတာခင်ဗျ)…။ မဇိ္စုမသတင်းဌာန၏ အယ်ဒီတယချုပ် ဦးစိုးမြင့်သည် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေဆုံရန်အပြင် အဆိုပါ ဝန်ကြီးဌာနမှပြုလုပ်သည့် မီဒီယာဖိုလ်ရမ်သို့တက်ရောက်ရန် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ကိုးနာရီအချိန်တွင် ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပါသည်။ ဦးစိုးမြင့်သည် မြန်မာနိုင်ငံတွင် (၆)ရက်ကြာနေထိုင်မည်ဖြစ်ပြီး၊ မဇိ္စုမ သတင်းဌာနကိုလည်း ပြည်တွင်းသတင်းဌာနတစ်ခုအဖြစ်သို့ပြောင်းလဲနိုင်ရန် အားလုံးနှင့်လက်တွဲကာပူးပေါင်းဆောင်ရွက်ချင်ပါကြောင်း ရန်ကုန်တိုင်းဂျာနယ်သို့ပြောကြားခဲ့ပါသည်။ ကျနော်တို့ရဲ့ မန်းဂေဇက်ကြီးလည်း ပြည်တွင်းမီဒီယာအဖြစ်သို့ရောက်ရှိလာနိုင်စရာမရှိဘူးလို့ ပြောလို့မရပါဘူး…အကယ်၍ မန်းဂေဇက်သည် ပြည်တွင်းမီဒီယာတစ်ခုဖြစ်လာခဲ့ပါက ဆိုတဲ့ အတွေးနဲ့အိပ်၍မပျော်နိုင်သောကြောင့် သူကြီးအားအတင်းလှုပ်နှိုးကာ မေးမြန်းစပ်စုကြည့်မိပါသည်။ ရွာသူရွားသားရော စိတ်ဝင်စားကြပါသလားခင်ဗျာ…. ဓါတ်ပုံ..နှင့်သတင်းကို […]