မင်္ဂလာပါ ……… ကျွန်တော် လင်းဇော်ထက်ပါ။ဇော်ထိုက်လို့လဲ ခေါ်ပါတယ်။ကျနော်ရန်ကုန်ကုန်သား တစ်ယောက်ပါ။ငယ်ငယ်တည်းက ဟိုစပ်စပ် ဒီစပ်စပ်  ပညာရပ်ကို ဝါသနာပါ ပါတယ် ။ ဗုဒ္ဓဟူး သား လူချောလူလှ တစ်ဦးလဲဖြစ်ပါသည်(မိန်းတရေး များသိစေချင်ရို့)။ခင်တတ်မင်တတ်ပျော်ရွှင်တတ်ပါတယ်။ အားလုံးကို တွေရတာဝမ်းသာပါတယ်ခင်ဗျာ။ အရင်ကတည်းက ရွာထဲကို ခဏခဏရောက် ပီး စာလာလာမ အဲအဲ စာလာလာဖက်ပါတယ် ။ အခုရွာသားတစ်ယောက်ဖြစ်လာတဲ့ အနော့ က ရွာထဲက ဦးဦးဒေါ်ဒေါ် ကိုကိုမမ ညီ ညီမလေးအပေါင်းတို့အားခင်ချင် မင်ချင် လို့ အသိအမှတ်ပြုပေးပါလို့ ကိုယ့်ကို ကိုယ် မိတ်ဆက်လိုက်ပါသည် ခင်ဗျားးးးးးးးး :hee:


Shin Mway LunFebruary 10, 20131min26425
ရွာသူရွာသားများအားလုံး မင်္ဂလာပါ.. မန်းဂေဇက်မှာ အခုမှ စတင်မိတ်ဆက်ဖြစ်ပေမယ့် ဝင်ပြီး ဖတ်ရှု အားပေး နေခဲ့တာ ကြာပါပြီ.. ကလေးတွေ အဖေ တိုက်တွန်းလွန်းလို့ မန်ဘာဝင်ထားတာ မကြာသေးပါဘူး.. စာတွေ ဝင်ဖတ်ဖြစ်နေပေမယ့် မိတ်ဆက်စာလည်း မရေးဖြစ်သလို တစ်ခါမှလည်း မမန့်ဘူးသေးပါဘူး.. အပြင်မှာလည်း ရန်ကုန် မန္တလေးက ရွာသူ ရွာသား တချို့နဲ့ တွေ့ဆုံဖူးပါတယ်.. နာမည် ကြည့်ပြီး တချို့လည်း သိကြမယ်လို့ ထင်ပါတယ်.. ခုမှ ရွာထဲမှာတရားဝင်မိတ်ဆက်တာပါ…စာများများ မရေးတတ်လို့ ပို့စ်တွေတော့ သိပ်တင်ဖြစ်မှာ မဟုတ်ပေမယ့် အမြဲဖတ်ရှုအား ပေးမယ့်မန်ဘာတစ်ယောက်ပါလို့ မိတ်ဆက်ပါရစေ… ဟိုတစ်ယောက်နဲ့ စက်လုပြီး မကိုင်ရမယ့် အချိန်မှာတော့ ကွန်မင့် ပေးဖြစ်မယ်ထင်ပါရဲ့ ခင်မင်စွာဖြင့် ရှင်မွေးလွန်း (ရာဇဝင်ထဲက ရှင်မွေ့နွန်း မဟုတ်ဘူးနော်)