အလိုလေး နယူးတွေနယူးတွေ သီအိုးလ်ဒီးတွေကလိုက်ရှင်းပြနေရတယ် ရွာထဲဝင်လာတာကြိုဆိုပါတယ် ဒါပေမယ့် “ပညာတတ်ခေတ်လူငယ်တွေဖြစ်ပြီး စဉ်းစားချဉ့်ချိန်သုံးသပ်ဆင်ခြင် နိုင်စွမ်းရှိမှပို့စ်တစ်ခုဆိုတာဖြစ်ပေါ်ပါတယ် ” ပို့စ်တစ်ခုကွန်မန်းတစ်ခုရေးမယ်ဆိုရင်ကိုယ်ရေးမယ့်အတိုင်းအတာ ဟာဖြင့်ဘယ်အထိတာသွားတယ် ဘယ်လောက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာဝေခွဲသုံးသပ်သင့်ပါတယ် ကြားဖူးတယ်မလား တံတားအိုမှောင်ကိုမလျောက်နဲ့စကားကိုတောင်လိုမမောက်နဲ့လို့ပြောတဲ့စကားပုံလေးလို ထမင်းကိုကုန်အောင်စားစကားကိုကုန်အောင်မပြောကြပါနဲ့ကွယ် ရောမရောက်ရင်ရောမလိုကျင့်ရတယ် ကွယ့် ပို့စ်ပိုင်ရှင်ကော မသိလို့မေးတဲ့သူတွေကောတော်တော်များများဟာနယူးမန်ဘာတွေလို့သိရပါတယ် ပို့စ်တင်ခါနီး လမ်းညွန်တွေသေချာဖတ်ခဲ့ရဲ့လား စည်းကမ်းချက်တွေသေချာနားလည်ခဲ့ရဲ့လားကွယ်တို့ရယ် မဖတ်မရှုဘဲဝင်လာတဲ့သူတွေဆိုရင်တော့ ကို်ယ့်ကိုမြုပ်မယ့်သေတွင်းမှာ ဤကျင်းထဲတွင်ရတနာများရှိ တယ်ဆိုယုံနဲ့မမေးမမြန်းခုန်ဆင်းမယ့်သူတွေပဲဖြစ်လေတော့မယ်ကွယ် ဂေဇက်ကသေတွင်းမဟုတ်ပေမယ့် ဒီနေရာက ပြည်ပရောက်ပညာတတ်တွေနဲ့ပြည်တွင်းကအသိမိတ်ဆွေတွေပညာဖလှယ် ရင်းသတင်းမေး ကြတဲ့ရွာကြီးတစ်ရွာဖြစ်ပါတယ် ရွာထဲကိုဝင်ချင်သလိုဝင်ပြီးထွက်ချင်သလိုထွက်နေကြပေမယ့် ဒီပေါ်ရောက်လာတဲ့ သူအများစုကတော့ မိမိရဲ့ဂုဏ်သိက္ခာမိမိရဲ့လူမျိုးမိမိရဲ့ဘာသာတရား မိမိတို့ရဲ့နိုင်ငံ ကြီးကိုတိုးတက်အောင်လုပ်ဖို့အတွက် ကြံဆောင်နေကြတဲ့သူတွေပါပဲ ဒီလိုလူတွေထဲမှာကိုယ့်ထက် တတ်ကျွမ်းတဲ့ပညာရှင်တွေ နားလည်တဲ့ပညာရှိတွေလည်းပါနေပါတယ် ကိုယ်လုပ်လိုက်တဲ့အပြုအမူ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ဘယ်အတိုင်းအတာကိုသွားကြတယ် ဆိုတာပညာရှိတွေကမေးမ ကြည့်ပေမယ့်တွေးကြည့်ယုံနဲ့သိကြပါတယ်ကွယ် လမ်းမှန်တွေကိုလည်းညွန်ဖို့အသင့်စောင့်ဆိုင်းနေကြပါ တယ် လွတ်လပ်စွာပြောရေးဆိုခွင့်ပေးထားတယ်ဆိုပေမယ့် ခြောက်လမ်းသွားလမ်းမပေါ်မှာ ပလာတာ ရိုက်သလို ဟိုရမ်းဒီရမ်းရမ်းပြောကြမယ်ဆိုရင်တော့ ဒီရွာကြီးထဲကငြိမ်းချမ်းတဲ့လွတ်လပ်တဲ့ အနှစ်သာရများ […]