winkyawaungMarch 6, 20121min21614
မန်းရွှေစက်တော်က တည်းခိုခန်း(တည်းကျောင်းခ)တွေ ဈေးကြီးသနော် ၂-၃-၂၀၁၂၊(သောကြာနေ့) တောင်သူလယ်မားနေ့ မှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်က မန်းစက်တော်ရာ ရွှေစက်တော်ဘုရားပွဲတော်သို့ ဘုရားဖူးရောက်ရှိခဲ့ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များ ရုံးပိတ်ရက်(၃)ရက်ဆက်တိုက်ဖြစ်နေလို့ အနယ်နယ် အရပ်ရပ်က ဘုရားဖူးများ အလွန်များပြားစည်ကားနေတာကို မြင်တွေ့ရပါတယ်။ ဒီဘုရားပွဲတော်ကြီးက တပို့တွဲလဆန်း(၅)ရက်မှ တပေါင်းလ၊ တန်ခူးလ သင်္ကြန်အပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ရှည်ကျင်းပတဲ့ မြန်မာပြည်က သမိုင်းဝင်ပွဲတော်ကြီးဖြစ်ပါတယ်။ မန်းစက်တော်ဘုရား ပွဲတော်မှာ ဝါးခင်း၊ထရံကာ၊သက္ကယ်မိုးများနဲ့ ဆောက်လုပ်ထားတဲ့ သီးသန့်လုံးချင်းတည်းခိုဆောင်များနဲ့ တည်းခိုဆောင်( ဒေသအခေါ် တည်းကျောင်း) များရှိပါတယ်။ အဲဒီတည်းခိုခန်း (၁၁)ခန်းတွဲ တစ်တွဲစီကို တည်းခိုဆောင်တစ်လုံး အဖြစ်သတ်မှတ် နေရာချထားပြီး ဆောက်လုပ်ပေးထားပါတယ်။ တစ်ခန်းလျှင် လူ ခုနှစ်ဦးခန့်သာ အိပ်စက်နိုင်ပါတယ်။ အဲဒီတည်းခိုခန်း(၁)ခန်းကို ငှါးရမ်းခက ပုံမှန်ဈေးမရှိပါ။ တစ်ခန်းငှါးရမ်းခ(တစ်ညအိပ်)တစ်ရက်၊ […]