+++++++++++++++++++++++ ကျုပ်ကျုပ်နဲ့ ပြောတာဟာ အညာသားမို့ ဒီလို ပြောတာ ဖြစ်တဲ့အတွက် နားမယဉ်သူများ ခွင့်လွတ်စေချင်ပါတယ်။ ကျုပ်တောင် ဘာလိုလိုနဲ့ ဟောဒီ ဂဇက်ဆိုတဲ့ ရွာကြီးကို အခြေချမိတာ တစ်နှစ်ခွဲ ဝန်းကျင်လောက်တောင် ရှိနေပါပြီ။ သူကြီး ဦးခိုင် (ကိုင်) ဆိုတာလည်း သိတဲ့အတိုင်း ဆွဲဆောင်တတ်တဲ့ နေရာမှာ နှစ်ယောက် မရှိတာကြောင့် တစ်ကြောင်း၊ ဟိုအရင်က ပြောခဲ့သလို ပေါက်ဖော် (စိန်ဗိုက်)၊ မောင်ပေ တို့ရဲ့ တွဲခေါ်မှုကြောင့် တစ်ကြောင်းကြောင့် ကျုပ် ဒီလို အနေကြာခဲ့တာ ဖြစ်ပါတယ်။ တအင်းအင်းနဲ့ ညည်းနေတဲ့ လူနာတစ်ယောက်ကို အချိန်တိုအတွင်း ရောဂါ ပျောက်ကင်းသွားအောင် ကုသနိုင်တဲ့ သမားတော် တစ်ယောက်လို ဟောဒီ ဂဇက်ဆိုတဲ့ ရွာကြီးကလည်း တစ်ခဏတာ အတွင်းမှာပဲ ရွာထဲ […]