kaiJuly 7, 20101min761
ချီကာဂိုရောက်မှ နေရောင်က ပိုတောက်ပ။ မစ်ရှီဂန်မဲဇာမှာတော့ ကျနော်က ခေတ်သစ်လက်ဝဲသုန္ဓရပေါ့ မမခင်ဦးစံပယ်ရယ်။ ရေကန်ကြီးတွေဝိုင်းနေတဲ့ မစ်ရှီဂန်ဆိုတဲ့အရပ် အလွမ်းဇာတ်တခုနဲ့ ကျနော်နေတာပေါ့။ စာရေးဆရာကြီးဟဲမင်းဝေး မြောက်ပိုင်းမစ်ရှီဂန်မှာ သူ့လူငယ်ဘဝ တွားသွားခဲ့။ ကျနော်က အလယ်ပိုင်းမစ်ရှီဂန် နှင်းထန်တဲ့ ညည ဟဲမင်းဝေးဝတ္ထုတွေ ပြန်ပြန်သတိရ။ ပြည်ပြေးကဗျာဆရာဘဝဟာ ဟဲမင်းဝေးကို အိပ်မက်မက်ရင်း ဖြတ်သန်းသွားပေါ့။ တိုင်းပြည်ကိုလွမ်းတဲ့အခါ မစ်ရှီဂန်မဲဇာဟာ အသံတိတ်ဆူညံ။ ကျနော်လုပ်နိုင်တာက ဒါပဲရှိတာကိုး။ ကျေးဇူးတင်တယ်မိတ်ဆွေတို့ ဝါရှင်တန်ဒီစီသွားတဲ့အခါ နယူးယောက်စီးတီးသွားတဲ့အခါ ကျနော်ဟာ တောသားမြို့ရောက်။ ကျေးဇူးတင်တယ်ရဲဘော်တို့ ဆန်ဖရန်စစ်စကို သွားတော့လည်း လော့စ်အိန်ဂျယ်လိ သွားတော့လည်း မြို ့ရောက်တောသားကျနော်။ ဒီလို လုံးလုံးဖြစ်နေတာပါပဲ မမခင်ဦးစံပယ်ရယ်။ ဟောအခု ချီကာဂိုမှော်ရုံတောမှာလည်း ကျနော်မောလှပြီ မမခင်ဦးစံပယ်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း နိုင်းမြစ်ကြီးကတော့စီးမြဲပင်တဲ့ စီးနေတဲ့မြစ်ထဲမှာ ကျနော်ရှိနေတာပါ။ မစ်စစ်စပီမှာပဲဖြစ်ဖြစ် ဧရာဝတီမှာပဲဖြစ်ဖြစ် […]