ေမာင္ရိုးNovember 18, 20141min172410
            ## ရဲရဲခြစ် ~ ပျက်သွားရင် ပြန်ပြောလို့ရတယ် (Telenor) ##     ငွေဖြည့်ကဒ်တွေမှာ အခြစ်လွန်လို့ဖြစ်ဖြစ် ၊ အခြစ်ကြမ်းလို့ဖြစ်ဖြစ် နံပါတ်တွေပါပျက်သွားပြီး ကဒ်တန်ဘိုးဆုံးရှုံးရတာတွေ ကြုံဖူးကြားဖူးကြမှာပါ ။ မကြာသေးမှီကာလကပဲ ooredoo နဲ့ telenor တို့ ရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေစတင်လာပြီဖြစ်လို့ သုံးခွင့်ရတဲ့ဒေသတွေမှာစတင်အသုံးပြုလာကြပါပြီ ။ သူတို့ရဲ့ငွေဖြည့်ကဒ်တန်ဘိုးကို ၁၀၀ဝ ကျပ်အထိ လျော့ချထုတ်လုပ်လာတဲ့အတွက်လည်း ငွေဖြည့်ကဒ်တွေဟာ သင့်တော်တဲ့ ကြံခိုင်မှုနဲ့ အရေအသွေးဟာအမြင့်ပါဘူး ။ ဒါကြောင့် ကျနော်တို့ဟာ သတိလက်လွတ်ခြစ်မိတယ်ဆိုရင်ဘဲ နံပါတ်တွေပျက်ဆီးပြီး အောက်ခံစက္ကူသားအထိ ပြဲသွားတတ်ပါတယ် ။ (telenor မှ ၁၀၀ဝ ကျပ်တန်ကဒ်မထုတ်ပါ သို့သော် ငွေဖြည့်ကဒ်ရောင်းသောဆိုင်များမှ ဖုန်းဖြင့် […]


ေမာင္ရိုးFebruary 8, 20143min33722
      ဪ…… လောက …လောက ….. မတည်​့အတူ​နေ သတ္ထဝါ​တွေထဲမှာ ​မော်​​တော်​ပီကယ်​နဲ့ ဒရိုင်​ဘာ လည်​းပါ​နေ​လေ​တော့ ​မောင်​ဆာမိတို့များ ဘဲဥမြင်​တာ​တောင်​ ​လေချဉ်​မတက်​​တော့ဘူးဗျို့ …။ ရှိပါ​စေ​တော့ .. ကိုယ်​မမှားဖို့အ​ရေးသာအဓိကလို့မှတ်​ယူပြီး ငါး​ထောင်​တန်​​လေး​ဆောင်​ထား အဲ အဲမှားလို့ … စည်​ကမ်​းများ သတိထား​နေတာကြာ​ပေါ့ဗျာ။   ​ဟော….. ဘာတဲ့ … Cctv ဆိုလား ပြီးခဲ့တဲ့ဂျူလိုင်​က မီးပွိုင်​့တချို့မှာတပ်​ပါ​လေ​ရော …။ တပ်​​ပေါ့ ..ဘာအ​ရေးလဲ … ဒါမှ တက္ကစီ ​တွေ ဘတ်​စ်​ကား​တွေ အဖမ်​းခံရမှာ… ဒီလို ..ဒီလို ​တွေးပြီး ​မောင်​ဆာမိတ​ယောက်​ အကုသိုလ်​ပွါး​နေမိသ​ပေါ့ဗျာ ..   ဟိုတရက်​က ​မောင်​ဆာမိလည်​း ယဉ်​သက်​တမ်​းတိုးသွားလုပ်​ရပါတယ်​။ မှတ်​သားဖမ်​းဆီးအဖွဲ့​တွေနဲ့လည်​း ပြဿနာမရှိ​လေ​တော့ ခတ်​​အေး​အေးဘဲ […]


ေမာင္ရိုးJanuary 27, 20141min33534
    ဘာလိုလိုနှင်. ရွှေစက်တော်ဘုရားပွဲကြီးသည်လည်း ကျင်းပတော့မည် ။တပို.တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ.အထိ ရက်ပေါင်း (၈၀)ကျော် ကျင်းပသည်ဖြစ်၍ အချိန်တိုတောင်းသော်လည်းတစ်နှစ်ထက်တစ် နှစ် ပို၍ပင်စည်ကားလှသည် ။ ရာသီဥတုနှင်.နေရာဒေသအခြေအနေအရဒီအချန်လေးအတွင်းသာကျင်းပရသည်မို. အနယ် နယ် အရပ်ရပ်မှဘုရားဖူးလာသူများ စုံလင်လှပေသည်။ ကိုယ်ပိုင်ကားများနှင်.တမျိုး ၊ ဘုရားဖူးလိုင်းကားများနှင်.တသွယ် စုဝေးရောက်လာကြသည်မို. ရုံးပိတ်ရက်နှင်.စနေ၊တနင်္ဂနွေနေ.များဆိုလျှင် မန်းချောင်းဘေးမှ တဲတန်းကြီးများတွင် နေရာ မရတတ် …။အလုအယက်နေရာယူရ အခန်းရှာကြရတော.သည်။ ကျွန်တော်မရောက်ဖြစ်သည်မှာ ဆယ်နှစ်ကျော်လေပြီ ။သို.သော် …နှစ်စဉ်ဘုရားပွဲကျင်းပချိန်ရောက်တိုင်းသတိယနေမိသည်။ ရွှေစက်တော်၏မြင်ကွင်းသည်ကား တော်တော်များများပြောင်းလဲနေပေပြီ ။သန်.ရှင်းသောရေလောင်းအိမ်သာများနှင်.လျှပ်စစ် မီးရပြီဟု သိရသည်။တချိန်က သုနာပရ န္တ တိုင်းအဖြစ်ထင်ရှားခဲ.သောဤဒေသသည် ဘုရားပွဲတော်ချိန်ရောက်တိုင်းအထူး စည်ကားလှသည်။ “ရွှေစက်တော်အစ ၊ ကျောင်းတော်ရာက ၊ကျောင်းတော်ရာအစ မဟာပုဏ်ဏက “ဟုစာဆိုရှိသည်. အတိုင်း …ရွှေစက်တော်ဘုရားဖူးရင်း သမိုင်းအရဆက်စပ်နေသော […]


ဆာမိမှသဂျီး …..ဆာမိမှသဂျီး ….. ဆာမိအသံဘယ်လောက်ကြားလဲ ဒါဘဲ ….. အထက်ပါအတိုင်း မောင်ဆာမိတစ်ယောက် နိုဆီခွက်ကိုကြိုးတပ်၍အော်နေလေသည် ။ ဗုဒ္ဓေါ – – – မောင်ဆာမိများ နေပူပူနှင့်ရူးသွားပြီလား ???? မဖြစ်နိုင်ပါ …. မနက်ပိုင်းကပဲ လှည်းတန်းဂုံးအောက် က သူတောင်းစားအတုတွေကိုအင်တာဗျူးနေတာတွေ ့လိုက်ရသေးသည် ။ ဒါဆိုရင် အရေးတကြီးအကြောင်းရှိပြီထင့် …… ဘယ်နှယ်ဗျာ … အွန်လိုင်းကနေဂဇက်ရွာသဂျီးကို ပြောရင်ရပါလျက်နဲ့ ခေတ်နောကါပြန်ဆွဲပြီး ဝိုင်ယာလက်နဲ့ပြောရတဟ်လို ့ …. လက်ထဲမှာလည်းကြည် ့ပါဦး .. ခုနှစ်အို ရှစ်အို ဟာဝေး ဖုန်းအစုတ်ကြီးနဲ ့ ကဲ ကဲ အကြောင်းအကျိုးလေးသိရအောင် သွားမေးကြည် ့လိုက်ဦးမယ်ဗျို ့…. ” အော် ….ကျုပ်ဘာဖြစ်နေလည်းသိလား းးးး မရူးဘူးဗျ […]


ဝန်ကြီးပဒေသရာဇာဂူ အခွင့်မရှိ မဝင်ရ / ဖြတ်သန်းသွားလာခွင့်မပြု   ဘာလိုလိုနဲ့ ဒီမြေ ဒီရေမှာ နေခဲ့ရတာ နှစ်ပေါင်း ၂၆ဝ ကျော်ပြီပဲ ၊။ အခုတော့ လူတွေကျုပ်ကိုမေ့လောက်ပြီပေါ ့။ ကျုပ်ချစ်တဲ ့ အညာမြေကိုခွဲပြီး စစ်ရှုံးဘုရင်နဲ့အတူ ဟံသာဝတီကိုလိုက်ခဲ့ရတာ မနေ့က တနေ ့ကလိုဘဲ ။ ဟံသာဝတီဘုရင် ဥပရာဇာကိုကျုပ်တစ်ခုတော့ကျေးဇူးတင်တယ် ။ကျုပ်ကို ဟောဒီ ကျိုက်ခေါက်ဘုရားရဲ ့ အနီးမှာ နေခွင့်ပေးလို့ ။ ပြီးတော့ ကျုပ်ရဲ ့ ဂုဏ်ကိုချီးမြှောက်ပြီး ဂူသင်းချိုင်းဗိမ္ဗာန် တစ်ခုကို ထိုက်ထိုက်တန်တန် ဆောက်ပေးခဲ့လို့ ။   ဒါပေမဲ့ ….ကျုပ်အညာကိုလွမ်းတယ် ။ ကျုပ်ရေးဖူးတဲ့ ကဗျာတွေထဲက အညာပုံရိပ်တွေကို ကျုပ်သတိရတယ် ။ မျက်စိတစ်ဆုံး ထန်းတောကြီးတွေ […]


ေမာင္ရိုးMarch 5, 20131min36656
ဒေါင် …. ဒေါင် ….. ဒေါင် ….. မီးးးးးးးးးးးးးး ဗျို ့ …. မီးးးးး မီးးးးးးးးးးးးးးးးးးးးးးး ညသန်းကောင်ယံတွင် ရုတ်တရက်ကြားလိုက်ရသော မီးလှန် ့သံချောင်း ခေါက်သံကြောင့် မောင်ဆာမိ တစ်ယောက် အိမ်မက်များ ရပ်တန် ့သွားသည် . …။ ခေါင်းအုံးပေါ်တွင် ခြေထောက်တင်ပြီး ပုဆိုးခြုံ၍ ပြောင်းပြန်ဇောက်ထိုး အိပ်နေရာမှ အလောတကြီး ထလိုက်သဖြင် ့ ခြေရင်းနှင် ့ ခေါင်းရင်းမှားလျှက် အပေါက်ဝသို့ မရောက် …။ အခန်းနံရံကို ခေါင်းဖြင့်ဆောင့်မိပြီး ချာလည် လည်နေသည် ။ သံချောင်း ခေါက်သံများ ဆက်ပြီးထွက်လာသည် …။။ ဒေါင် …ဒေါင် ….ဒေါင်… ဒေါင် …. သေချာပြီ ။ မောင်ဆာမိတို့ […]


ေမာင္ရိုးDecember 31, 20121min41253
မင်္ဂလာပါ မန်းဂဇက် …………။ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကိုရောက်တော့ မှာမို့ ရွာသူားအသီးသီး အမှတ်တရလေးတွေရေးကြတော့ ကျနော်လည်း တစ်ခုခုရေးချင်မိပြန်ပြီလေ …..။ ဒါကြောင့် ကျနော်သွားလာလှုပ်ရှားနေတဲ့ဝန်းကျင်က အကြောင်းအရာလေးတွေကိုတွေးမိပြီး ခရီးသွားရင်း ရေးမိပြန်ပြီပေါ ့ ……။ ဒီနေရာမှာတစ်ခုလေး ပြောချင်မိတာက သဂျီးမင်းရဲ ့ ခေါင်းစဉ်တွေကို နှစ်သက်လွန်းလို့ တုပ မှီငြမ်းမိကြောင်းပါ ….။ ခွင် ့လွှတ်ပါ ဦးခိုင်ခင်ဗျာ …….။ “ ဆဲဆိုခြင်း အနုပညာ (သို့) ရသမြောက်သော ဆဲဆိုခြင်း” ဟုဆိုပါလျှင် ကျနော့်ကို ဆဲချင်ကြလိမ် ့မယ် လို့ ထင်ပါတယ်။ ဆဲကြပါလေ….။ မန်းဂဇက်ရွာသားဖြစ်ရင်တော့ နဲနဲလောက်တော့ ဆဲတာ ခံနိုင်ရမှာပေါ ့ …။ ဒါပေမဲ ့ …. သက်သက်သာသာလေးတော့ ရသမြောက်အောင် […]


ေမာင္ရိုးDecember 13, 20121min33731
ရုတ်တရက် ………. သံစဉ် တိုးတိုးလေးကြားရပြန်ပြီ …….။ နားထဲစွဲနေအောင် ရင်းနှီးနေတဲ့အသံ …..။ ပြီးတော့ ….ခြေသံတိုးတိုးလေး …. ညင်သာတဲ့လှုပ်ရှားမှုနဲ့အတူ ကျနော့်အနား ရောက်လာခဲ့ပြန်ပြီလေ …. သူ့ကို ဘယ်သူလဲလို့သိချင်သည် ..။သူလာတိုင်းလည်း ကြည် ့ဖို့ကျိုးစားသည် ….။ တစ်ခါမှ မမြင်တွေ့ရ …။ ခုတော့ ….သူ့မျက်နှာလေး ……သူ့မျက်နှာလေး မြင်ရတော့မည် …………. အိုးးး……ဘယ်လဲ …ဘယ်လဲ ….နေဦးလေ ..မသွားနဲ့ မသွားနဲ့ဦး ….. ပြောရင်းဆိုရင်း …ပင်လယ်ထဲဆင်းပြေးသွားပြီ …..ဟေး….မသွားနဲ့ …… ပင်လယ်ပြင်ရဲ ့ လှိုင်းတွေကြားမှာ သူ…..သူ…..ပါသွားပြန်ပြီလေ ……… ================================================== ကျွန်တော်နိုးလာတော့ ရေတွေငတ်လိုက်တာ…… ကျနော် အော်ဟစ်နေမိလားမသိ ။ ဒီအိမ်မက်ကို အထပ်ထပ် အခါခါမက် မိတယ်လေ …. […]


ေမာင္ရိုးDecember 5, 20121min28538
  ပဲခူးရိုးမ အနီး တစ်နေရာပါ …… ကားဖြတ်သွားတာတွေ ့လို့ ခတ်ငေးငေး လေးပါ ့ ….. နေရာလေးက အေးချမ်းတယ်လို့ ထင်ရပေမဲ ့ လူတစ်ယောက်အတွက် မပြည် ့စုံပါဘူး….. မျှော်လင် ့နေတဲ့မျက်ဝန်းတွေမှာ အရောင်ကင်းမဲ့နေလေရဲ ့ …။ ဘယ်တော့လဲ … ဘယ်မှာလဲ …. ဘာတွေလဲ ….. ရွှေပြည်တော်မို ့ မျှော်မိတိုင်းဝေးနေဆဲပါ …… သူတို့ ဘာတွေစားကြလဲ …. နေမကောင်းရင်ဘယ်လို ဆေးကုသလဲ …. ရေကရော သန် ့ရဲ ့လား… အဖြေအတွက် ပေးဖို့ခက်ပါတယ် ….။ သူတို့ဘဝ နဲ့ သူတို့ ပျော်နေတယ်လို့ ထင်ပါသလား …? တစ်ခါတစ်လေ  လူ ့လောကထဲကိုလာချင်ရှာမှာပဲလေ […]


ေမာင္ရိုးDecember 3, 20121min41343
အောက်တိုဘာလ (၁၃) က်နေ့ မှာ ဖားကန် ့မြို ့နယ် လုံးခင်းကျေးရွာကို စစ်တပ်နဲ့ ရဲ နဲ့ ဝင်ပြီး ရိုက်နှက် လုယူကြတယ်လို့ သစ်ထူးလွင် သတင်းမှာဖတ်လိုက်ရပြီး တခါက အကြောင်းလေးတွေ ပြောချင်လာမိလို့ ရေးလိုက်တာဖြစ်ပါတယ် …..။       မောင်ဆာမိ ဒီအကြောင်းတွေကိုပြောဖို့ စိတ်ကူးတာကြာပါပြီ ။ ကိုယ် ့အတိတ်ကို ပြန်မတူးချင်တာနဲ့ပဲ လက်နှေးနေတာလေ ။ ဒါပေမဲ့ အတိတ်ဆိုတာကလည်း တကယ်ရှိခဲ့တာဆိုတော့ ဆိုးမွေ ကောင်းမွေ ကိုလက်ခံရမှာပေါ ့ ….။ ဒီလိုပါ …….တစ်ခါက မောင်ဆာမိရဲ ့ ဘဝများစွာထဲမှာ ကားသမားဘဝလည်း အပါ အဝင်ဖြစ်ခဲ့ဖူးပါတယ် ။ ဟိုင်းဝေး ကားသမားဘဝ ၊ ဘုရားဖူးကားသမားဘဝ နဲ့ […]


ေမာင္ရိုးNovember 20, 20121min37755
အချစ်နိဒန်း   အချစ်ဦးဆိုတာ အချစ်ဆုံးဖြစ်ချင်မှ ဖြစ်တတ်သလို …..အချစ်ဆုံးဆိုတာ….အချစ်ဦးလည်း ဖြစ်ချင်မှ ဖြစ်တတ်တာပါ ….. ။ တကယ်တော့ ပထမဆုံးချစ်မိသူကို အချစ်ဦးလို့ ပြောမယ်ဆိုရင်တော့ ….. ဖြူ …လို့ ကျနော်ခေါ်ခဲ ့တဲ့ ….. ဖြူ ့ ..ကိုပဲ ညွှန်းရမှာပေါ ့လေ …။ သူ့နာမည်က သန် ့မြတ်ဖြူ  …တဲ ့ ။ အတန်းဖေါ်…သူငယ်ချင်း …မြန်မာစာကလွဲရင် ဘာသာရပ်အားလုံး ကျနော် ့ထက်ပိုတော်တဲ့သူ …။ စာစီစာကုံးရေးတိုင်း ကျနော် ့ဆီကကူးရေးသူ …..။ အင်္ဂလိပ်စာ မရတိုင်း ကျနော့်ကို ပြန်ရှင်းပြပေးသူ ….။ သူနဲ့ ….ကျနော်ရဲ ့ ဇတ်လမ်းက ရိုးပါတယ်….။ ဒါပေမဲ့လည်း ရှင်းမနိုင်အောင် လည်း […]


ေမာင္ရိုးNovember 1, 20121min37538
ကျနော်တို့တွေအများစုက မျက်ရည်ခံထိုးပြီး အသနားခံပြရင် အားနာတတ်ကြတယ် ။ တစ်ခါတစ်ရံ ကိစ္စ အကြီးကြီးကို “ဆောရီး”ဆိုတာလေးနဲ့ ကျေနပ်နေပြန်ရော …..။ပြီးတော့ ….ရိုးတယ် ၊အတယ် ၊ သဘောလည်း ကောင်းပုံရပါတယ် ….။ ဒါကိုအခွင် ့အရေးယူူပြီး လုပ်စားကြတဲ့သူတွေ ဒု နဲ့ ဒေး ပေါ ့ ….။   ဒီလိုလူတွေထဲမှာ ပယောဂဆရာလိုလို ၊ သိုက်ဆရာလိုလို ၊ နတ်ဆရာလိုလို ဘိုးတော်လိုလိုတွေက ရှေ ့ဆုံးက ပါသဗျ ။ ဒီနေရာမှာ ပြောချင်တာက ယောင်ခြောက်ဆယ်တွေကိုပြောချင်တာပါ ။ ကိုယ် ့ယုံကြည်ချက်နဲ့ကိုယ် လောကီပညာတွေကို အပတ်တကုတ်လိုက်စားတဲ့သူတွေကိုမဆိုလိုပါဘူး ။ အခုဖြစ်ရတာတွေက ရိုးရိုးအအ နဲ့ ယုံကြည်မှုလွန်ကဲတာတွေအပေါ် အခွင် ့အရေးယူကြတာနဲ့ ကျနော်တို့တွေ အလွန်အ […]


ေမာင္ရိုးOctober 18, 20121min38045
ကျနော်သရဲ မကြောက်တတ်ပါဘူး …။ သူတို့ကို ရန်လည်းသွား မစပါဘူး ….သူ့နေရာ သူနေ ၊ ကိုယ့်နေရာ ကိုယ်နေ ဆိုတဲ့သဘောပါ …။ ကားသမားတွေ စုမိရင် အဓိက ပြောလေ ့ပြောထ ရှိတဲ့အကြောင်းအရာသုံးမျိုး ကတော့ …. (၁)မိန်းမအကြောင်း …..။၊အိမ်ကမိန်းမ အပါအဝင် လမ်းတလျှာက်တွေ ့ခဲ့ဘူးသမျှမိန်းမ များ…….. (၂)အုံနာ မကောင်းကြောင်း ….။ (စပယ်ယာများ စုမိလျှင် ဒရိုင်ဘာမကောင်းကြောင်းလည်းပါ ဝင် …..) (၃)သရဲ အကြောင်း ………( ကိုယ်တွေ ့ ၊ စာတွေ ့ ၊ ကြားဖူးနားဝ ၊ ) အဲဒီလို …အထက်က အကြောင်းအရာတွေကို ပြောလေ ့ရှိကြတော့ မောင်ဆာမိလည်း သရဲ အကြောင်းကို […]