ေမာင္ရိုးApril 29, 20171min45324
** ခေတ်နဲ့အညီ . . ထီ ထီ ထီ ** ခေတ်ရေစီးသည်ကားးးး အပြောင်းအလဲမြန်လှသည် ။ အခုတမျိုး တော်ကြာတစ်မျိုးနှင့် အရူးမကို ပန်းပန်ပေးရသလိုပင် ။ အွန်လိုင်းမီဒီယာခေတ်မို့ သတင်းတွေလဲမြန်လိုက်သည့်ဖြစ်ခြင်း . . . နံနက်လင်းလို့ မဟာဖွဘုတ်တော်ကိုဖွင့်လိုက်သည်နှင့် ခွေးမသာချသည်မှအစ နိုင်ငံတော်အကြီးအကဲများသတင်းအဆုံး အလုံးစုံတက်၍လာတော့သည် ။ ထိုထိုသောသတင်းများကို မှီ၍လုပ်ကိုင်စားကြသူများသည်လည်း အတော်အတန်ချောင်လည်ကြသည်မဟုတ်လော ?? စားဝတ်နေရေးအလုပ်အကိုင်များမှာလည်း သတင်းစကား အကြိုအကြားကိုလိုက်၍ ခေတ်ရေစီးတွင် မျှောရသည်မို့ . . . ပြောင်းလဲချိန်ကားးး တန်ခဲ့လေပြီ တည်းးး ။ ။ မောင်ဆာမိလည်း ခေတ်ရေစီးနှင့်အတူပြောင်းလဲနေလေပြီ ။ ယခင်ကာလများက ယခုလိုနွေရာသီရောက်ချိန်တွင် မီးမလာရေပြတ်သဖြင့် ရေစည်လှည်းဖြင့် လက်မလယ်နိုင်အောင်ရောင်းခဲ့ရဖူးသည် ။ ယခုသော်ကားးး ခေတ်တစ်ခုအပြောင်းတွင် […]


ေမာင္ရိုးMarch 25, 20171min6469
ညရှုခင်း မန်းချောင်းရင်ခွင်မှာ     မန်းစက်တော်ရာဘုရားပွဲကို ရီဗျူးရေးမယ်လို့ ကြံရွယ်ခဲ့ပေမယ့် ပွဲတော်ရက်သာကုန်တော့မယ် အခုထိမရေးနိုင်သေး . . . ။ . . အခုတော့ ရွှေစက်တော်ဘုရားပွဲရဲ့အပြောင်းအလဲလေးတွေကိုကြည့်ရင်း ရေးချင်လာမိပါတယ် ။ တကယ်တော့ မန်းစက်တော်ရာဆိုတာ အခုချိန်မှ ထင်ရှားတာမှမဟုတ်ဘဲလေ ။အင်းဝခေတ်စာဆိုတော်ကြီးရှင်မဟာရဋ္ဌသာရနုစဉ်ကတည်းက “ရွှေစက်တော်သွား တောလား ” ရယ်လို့ စာတစ်ဆောင်ပေဖွဲ့နဲ့ ခေတ်ကြေးမုံကိုပြခဲ့သေးတာမဟုတ်လား . . “. . . တောကြက်တွန်မြူး၊ ကျေးငှက်ကျူး၍၊ သံကြူးမြည်စည်၊ စက်ရိပ်လည်၍၊ နေခြည်ဝင်မြောက်၊ ဆည်းဆာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို-မခေါ်လျက် . . . ” . အခုလည်း ကျေးငှက်သာရကာသံတွေဆိတ်သုန်းနေပေမယ့် . . . စိမ်းစိုမှိုင်းညို့နေတဲ့ […]


ေမာင္ရိုးJanuary 21, 20171min38514
#တော်လှန်ရေး၏ တတိယမြောက်နေ့ “” လှည်းတန်း . . သမိုင်း . . အင်းစိန်ပန်းခြံ . . ” “အင်းစိန်ပန်းခြံအထိရောက်မယ် . . အခမဲ့ . . အခမဲ့ . . . ” . . အထက်ပါအသံမှာ မောင်ဆာမိတစ်ယောက် အာခေါင်ဖြဲ၍အော်လိုက်သောအသံဖြစ်သည် ။ မောင်ဆာမိသည်ကား လိုင်းကားဆွဲနေလေပြီ ။ ကြားကားမဟုတ် ။ YBS မဟုတ် ။ အခမဲ့ စာတန်းများ ပတ်လည်ကပ်လျှက် ဆူးလေရင်ပြင်၏လူစည်ကားရာကားမှတ်တိုင်တွင် ဝင်ရောက်ရင်းအော်လိုက်သောအသံဖြစ်လေတော့သည် ။ “ဘယ်ရောက်မလဲ ဘယ်ရောက်မလဲ . ” ” ပန်းခြံ. . အင်းစိန်ပန်းခြံအထိ ” မေးသူကမေး၏ ။ […]


ေမာင္ရိုးAugust 8, 20161min57517
  65000 တန် အုန်းကြာပင်လယ်စာ   ပေ့ချ်တွင်ကြော်ငြာတင်ထားသောပုံ      မောင်ဆာမိတစ်ယောက် မဟာဖွဘုတ်တော်ကြီးကိုအတော်စိတ်နာလျှက်ရှိသည် ။ မဟာဖွဘုတ်တော်ကြီးကား ပျှော်ရွှင်ကြည်နူးစရာများကို သယ်ဆောင်လာသကဲ့သို့ စိတ်ညစ်ညူးစရာများကိုလည်း လက်ဆောင်ပေးတတ်သည် ။ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်သကဲ့သု့ိ စီးပွားပျက်စရာကိစ္စများနှင့်လည်း မိတ်ဆွေဖြစ်တတ်ပြန်သေးသည် ။ ထို့အတူ … အထူးထူးသော ကောင်းကျိုး ဆိုးကျိုးများနှင့် ရှုပ်ထွေးနေသည့်အားလျှော်စွာ မောင်ဆာမိတစ်ယောက် စိတ်နာစရာများနှင့်ကြုံရသည်မှာ သိပ်တော့မထူးဆန်းပေ ….။   လင့်မျက်နှာ တစ်ရွာထင်ပါသည်ဟု ဆိုခဲ့ဖူးလေသော မဒမ်ဆာမိသည်ပင် မဟာဖွဘုတ်တော်နှင့် မျက်နှာခြင်းဆိုင်မိသည့်နောက် မောင်ဆာမိအား မေ့နေလေပြီ ။ တခါတရံ စကားပြောစရာရှိ၍ ပြောနေသည်ကိုပင် မကြားတချက် ကြားတစ်ချက် ။ ထို့ကြောင့်မောင်ဆာမိမှာ ရွှေညဏ်တော်စူးရောက်စွာဖြင့် မက်ဆင်ဂျာမှ လှမ်းပြောလိုက်မှပင် လိုရာခရီးရောက်လေတော့သည် ။ တစ်အိမ်တည်းနေ၍ မက်ဆေ့ပို့ရသည့်အဖြစ်ကား […]


ေမာင္ရိုးJuly 22, 20141min46150
      ကျနော်၏ အဖြူရောင်စာမျက်နှာတို့မှာ ကုန်လောက်ရှိနေပါပြီ ။ ဝါသနာသည်ကား တားလို့မရသေး ။ ထို့ကြောင့် ထိန်ချန်ထားခဲ့သော အမည်းရောင်စာမျက်နှာတို့ကို ပြန်လည်၍တူးဖေါ်မိပြန်တော့သည် ။ ဖတ်မိသူတို့အတွက် စိတ်ပျက်ညစ်ညူးဖွယ်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စာရေးချင်သည့်ရောဂါအားကုစားရန်မှာ တခြားနည်းလမ်းရှာမတွေ့သေးသဖြင့် ……………   ……… ~~~~~~~~~~~~~~~~~~~ တစ်ခါကဖြစ်ပါသည် ။ အင်းစိန်လမ်းတလျောက်မောင်းနှင်လာသော ၄၅ ဘတ်စ်ကားသည် လှည်းတန်းမှတ်တိုင်တွင်ထိုးရပ်လိုက်သည် ။ ငပိ ငါးချဉ်သိပ်သလို ကြပ်ညှပ်နေသော ဘတ်စ်ကားအတွင်းမှ လူအုပ်ကြီးသည် လွတ်လပ်ရေးရသည့်နှယ် အလုအယက်တိုးထွက်လာကြသည် ။ ထိုလူအုပ်ထဲတွင် မောင်ဆာမိနှင့် ထိုစဉ်က ရီးဇား(ယ္ခု ဇနီး) ဖြစ်သူတို့လည်းပါလာလေသည် ။ ရှေ့မှ လမ်းရှင်း၍ တိုးထွက်နေသော မောင်ဆာမိသည် နှေးတုန့်တုန့်ဖြစ်နေသော ချစ်လှစွာသော မဟေသီအလောင်းအလျာအား လက်ကိုအတင်းဆွဲလျှက် တိုးထွက်လိုက်ပါတော့သည် ။ […]


ေမာင္ရိုးJune 12, 20141min30321
  ယနေ့ … ရန်ကုန်တွင် မိုးရာသီပီပီသသ စလေပြီ ။ အငြိုးတကြီးရွာလေသောမိုးကြောင့်လည်းကောင်း ၊ မြောင်းထဲသို့အမှိုက်ပစ်လေ့ရှိသောကြောင့်လည်းကောင်း ၊ မြောင်းပိတ်ရေလျှံဇတ်လမ်းလည်းစပါပြီ။ နကိုကမှ ကားတွေပိတ်လို့ လမ်းကျပ်လှသော အခြေအနေတွင် ရေကြီးရေလျှံချိန်၌ပြောဖွယ်ရာမရှိ ။ ကျောင်းကား ရုံးကားများနောက်ကျကြသည် ။ အလုအယက်မောင်းကြရင်း ထုံးစံအတိုင်း ပိုဆိုးကုန်လေသည် ။ ဖတ်မိလေသော သတင်းများအရ အချို့သောမြေညီထပ်တို့ ရေဝင်ကုန်ကြသည် ။ စိတ်ဖိစည်းမှုမခံနိုင်သောအမျိုးသမီးတစ်ဦးလည်း မိမိကားပေါ်တက်၍ အပေါ်အဝတ်များချွတ်ပြီးလျှင် ကိုယ်ဟန်ပြလေ၏။ ကျောင်းကြိုကားများနောက်ကျလေသဖြင့် မိဘများ ပြာယာခတ်ကြသည်။     ဤကဲ့သို့ ဗရုတ်သုက္ခများစွာဖြင့် ဗြုတ်စဗျင်းတောင်းနိုင်လှသောအချိန်တွင် မော်ဒယ်မတစ်ဦး၏ ချစ်လှစွာသော လင်တော်မောင်မှာ လကမ္ဘာသို့ ပျားရည်ဆမ်းခရီးသွားရန်ကြံနေကြောင်းသိရလေသည် ။ ကောင်းလေစွ … ကောင်းလေစွ နောင် နှစ်အနည်းငယ်၌ ဗင်းနစ်မြို့ကဲ့သို့ဖြစ်လာနိုင်သောမဟာရန်ကုန်တွင် ရေပေါ်အိမ်သာဆောက်ပြီးစီးပွါးရှာရန်ကြံနေသော […]


ေမာင္ရိုးApril 24, 20141min38536
    အစ ရှိလျှင် အဆုံးရှိပေလိမ့်မည် ။ သို့သော် .. အဆုံးဟူသည်ကား တနေ့သောအခါတွင် အစ မဖြစ်နိုင်ပေဘူးလား ,? ဤသို့ တွေးမိပြန်သောအခါ အဆုံးဟူသည် အစတစ်ခု ဖြစ်ရန် အထောက်အပံ့ပြုမည်ဟု ……ဖြေသာသည့်အတွေးဖြင့်သာ ……   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ဟော ……… အခု ဆရာဦးဝင်းတင်ကြီး နောက်ဆုံးခရီးအဖြစ် ထွက်ခွါသွားခဲ့လေပြီ ။ ဆုံးရှုံးမှုအတွက် စိတ်မကောင်းသော်လည်း နောက်ထပ် မွေးဖွါးလာမည့် ဆရာဦးဝင်းတင်လေးများ၏ အစ များဖြစ်လေမလားဟု မျှော်လင့်မိပါသေးသည် ။     ယနေ့ …… ထရေးဒါးဟိုတယ်ရှေ့ရောက်သောအခါတွင် အဆုံး အစ တစ်ခုကိုထပ်မံတွေ့ရပြန်သေးသည် ။ ထရေးဒါးဟိုတယ်ကြီးကား အဆုံးသတ်သွားပြန်ပြီထင့် ။ ထရေးဒါး ဆိုသောစာလုံးအစား ရှန်ဂရီလာ […]


ေမာင္ရိုးAugust 30, 20131min57028
၁၉၉ဝ ​ကျော်​များနှစ်​​တွေဟာကျ​နော့အတွက်​ ထူးခြားတာ​တွေဆုံ​နေခဲ့ပါတယ်​ ။ ပဲခူးရိုးမကိုလည်​း ဝင်​ဖူးခဲ့တယ်​ ဧရာဝတီ​ပေါ်မှာလည်​း စက်​​လှေစီးခဲ့ရတယ်​ အခုလည်​း …..   စစ်​​တောင်​းမြစ်​ ~~~ ​ရေစီးကကြမ်​းကြမ်​း …. မြစ်​​ကြောင်​းကတိုတို .. ဘာဆိုဘာမှ အလုပ်​မဖြစ်​ဘဲ သစ်​​ဖောင်​​မျှောဖို့​လောက်​ပဲ သုံး​လို့ရတယ်​​လေ ။ အဲဒီ​ကောင်​ ​ဒေါသကြီးလာရင်​​တော့ မြစ်​ကမ်​းပါး​တွေပြိုပါ​လေ​ရော …။ မြစ်​​ကြောင်​းသာတိုတယ်​ ​ပေါ်လာလိုက်​တဲ့ မြစ်​ကျိုးအင်​း​တွေ … အဲဒီအင်​း​တွေကိုမှ ​လေလံဆွဲပြီး ငါးဖမ်​း ငါးပိလုပ်​ကြနဲ့ သူ့ဟာသူ​တော့ ဟုတ်​​နေတာပါပဲ …. မြစ်​နားကမ်​းနား​နေတဲ့ ​တောသူ​တောင်​သား​ပေမို့လားမသိဘူး အယူ​တော့ ​အ​တော်​သည်​းသဗျ ။ ဘာတဲ့ .. အင်​း​ဘေးမှာ ငါးချက်​စားရင်​ ငါးကို ဗိုက်​မခွဲရဘူးတဲ ့ … ။ အင်​းကို​လေ​လံ​အောင်​ပြီဆိုတာနဲ့ တင်​လိုက်​ရတဲ့ ​ခေါစာ …​အ​ပေါ်ပွဲ​ရော […]