သိပြီးတဲ့လူတွေလဲရှိမယ်ထင်ပါတယ်၊ ကျွန်တော်က အခုမှတွေ့လို့ တင်ပေးလိုက်တာပါ။ နောင်အနှစ် ၂ဝ မှာ မိမိရဲ့ရုပ်ပုံဘယ်လိုဖြစ်မယ်ဆိုတာကို အခုတည်းကကြိုတင်သိချင်တယ်ဆိုရင် ဒီဆိုဒ်လေးထဲကိုဝင်ကြည့်လိုက်ပါ။မျက်နှာပြင်ဖက်နည်းပညာတွေကိုသုံးပြီး သင့်ရဲံ့ဇရာရုပ်ကို ဖန်တီးပေးပါတယ်။လက်ရှိဓာတ်ပုံကိုတင်ပါ၊ ကျား၊မ ရွေးပြီး အနှစ် ၂ဝ ကြီးချင်သလားရွေးပါ။သင်ဟာ မူးယစ်ဆေးသုံးသူ ဟုတ်မဟုတ်ဆိုတာကိုပါရွေးပေးပါ၊အားလုံးပြီးသွားရင် နှစ် ၂ဝ ကြီးသွားတဲ့သင့်ရဲ့ရုပ်ရည်ကိုတွေ့ရပါပြီ။ ဇရာရုပ်ကိုကြည့်နိုင်တဲ့လိပ်စာက http://www.in20years.com/ ပဲဖြစ်ပါတယ်။