Maung Tar TeeApril 11, 20141min1164
တစ်နှစ်ပြီး တစ်နှစ် ကူးပြောင်းလာတဲ့ သင်္ကြန်က တစ်လွှာပြီး တစ်လွှာ ပွင့်ချပ်တွေ ကွာကျလာတဲ့.. နှင်းဆီပွင့် လေးလိုပေါ့… အရိုင်းတွေက ယဉ်ကျေးမှု ဖြစ်နေတဲ့.. ရိုးတံချည်းသက်သက်ရှိတဲ့.. နှင်းဆီလို သင်္ကြန်ကြီးရယ်… ဘာကြောင့်မှန်းမသိ ငါ့ မင်းကို ကြောက်နေမိတယ် ၊ အရင်ကတော့ သပြေခက် နဲ့… ရယ်… အခုကတော့ အဖြေခက်တဲ့.. သေအရက်နဲ့… လူငယ်ဆိုတာတွေလေ…. တွဲဖက်ကိုညီလို့ပေါ့…. အဝတ်အစားအပြဲ တွေတင်မက… ကိုယ့်ရိုးရာ ကိုယ်ဖျက်.. စုတ်နွမ်းနေတဲ့.. သင်္ကြန်ဆိုတာက…. ရန်ကုန်လမ်းမပေါ် မူးပြီးမှောက်အိပ်နေတတ်ခဲ့ပြီ…၊ နှင်းဆီလို ရနံ့လေးမွှေး… ပွင့်ချပ်စုံညီနဲ့ ယဉ်ယဉ်လေးလှနေတဲ့.. သင်္ကြန်ပျိ ု မဒီလေး… ရန်ကုန်စင်မြင့်ပေါ် နွဲ့ နွဲ့ လေးနဲ့ ယိမ်းကနေတာ မြင်ချင်စမ်းပါဘိကွယ်..လို့…