etoneNovember 9, 20101min1306
ဘော်ဒါတို့ရေ တွေ့ရကြုံရ အချိုးမကျတာလေးအကြောင်းပြောပြရဦးမယ် ။ မနေ့ကအီးတုံးတို့ ဦးလေး ကျောက်တံတားမြို့နယ် ရပ်ကွက်ကောင်စီရုံးကို ရောက်တယ် ။ သူများကိုရိုက်လို့… အဲမှားပီ … ကြိုတင်မဲပေးဖို့အတွက်ပါ … ။ သူက မဲပေးမဲ့နေ့မှာ မဲရုံမှာတာဝန်ကျမှာဆိုတော့ အသည်းကြားက မဲတပြားကို သိုသိုသိပ်သိပ်လေး သွားပေးပါသတဲ့…. လူတောမတိုးတဲ့ဦးလေး ဘေးမှာ ဆပ်ဆလူးနတ်ပူးသလို တဖြတ်ဖြတ်လူးနေတဲ့ … အဲ သွက်သွက်လပ်လပ်ရှိတဲ့ သူ့တူမလည်း ပါတယ်ပေါ့ ။ မဲရုံကိုရောက်သွားပါရော…. မှတ်ပုံတင်လေးကိုင်လို့ပေါ့ ။ အဲ့ဒီမှာ လူပေါင်း 12ယောက်လောက်က စားလိုက်သောက်လိုက် တဝေါဝေါရယ်လိုက်နဲ့ပေါ့ .. မှတ်ပုံတင်လေးကိုင်ပြီးသွားတဲ့ ဦးလေးက အာသွက်လျှာသွက်ဆိုတော့ ဘာမှမပြောပဲ နှုတ်ပိတ်လို့ မှတ်ပုံတင်လေးကိုင်ပြီး သူတို့ခုံနားမှာရပ်နေတာပေါ့ … အီးတုံးလေး ဦးလေးရဲ့ သွက်လက်ချက်ချာမှူကို ထောပနာပြုတဲ့အနေတဲ့ အီးတုံးကပဲ […]