– – – – – ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ   တစ်နေ့သ၌ ကုန်းရွာ မည်သော ကျေးတောရွာငယ်လေးအတွင်း သတင်းတစ်ပုဒ်သည် ကျော်ကြားပျံ့နှံ့လျက် ရှိလေသည်။ ထိုသတင်းမှာကား “မျောက်တစ္ဆေ” […]


  ဟောဗျာ ….။ ဘယ့်နှယ်ဟာကြီးတုန်း ….။ ပုရွက်ဆိတ် ဆိုတာ ပုစိညှောင့်တောင့်လေး ….။ လူဆိုတာက ပုရွက်ဆိတ်နဲ့ ယှဉ်ရင် ဂေါ်ဇီလာ နဲ့ ခြင်နဲ့လောက် ကွာလိမ့်မယ် ထင်တယ်။ ဒါကိုပဲ ပုရွက်ဆိတ်နဲ့ လူ … အတူတူ ဆိုတော့ကာ ??? ဟုတ်ခဲ့ …. ပုရွက်ဆိတ် အကောင်ရေ တစ်သန်းဟာ ဆိုရင် လူတစ်ယောက်နဲ့ ညီမျှပါသတဲ့။ မယုံရင် ပုရွက်ဆိတ်တွေ စုပြီး တိုင်းကြည့်ပေါ့။ ဒီထက် ဆန်းတာကို ပြောရရင်တော့ … ဟောဒီကမ္ဘာကြီးပေါ်မှာ ရှိရှိသမျှ လူသားတွေရဲ့ အလေးချိန်နဲ့ ရှိရှိသမျှ ပုရွက်ဆိတ်တို့ရဲ့ အလေးချိန်ဟာ တူညီပါသတဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ပုရွက်ဆိတ်တွင်း တစ်တွင်း ဆိုရင်တောင် အကောင်တွေက နည်းတာ […]


ကျုပ်လည်း ဒီပို့စ်ကို တင်မယ်၊ တင်မယ်နဲ့ မတင်ဖြစ်ခဲ့ဘူး။ အခုမှပဲ တင်ရတော့တယ်။ ကျုပ်တို့ အနေနဲ့ နောက်ပိုင်းမှာ ကိုယ့်အတွက် မရှိမဖြစ် သဘောမျိုး အသွင် ဆောင်လာပြီး သွားလေရာ ယူသွားရတတ်တဲ့ ပစ္စည်း တစ်မျိုး ရှိလာပါတယ်။ ဒါကတော့ အားလုံးနီးပါး ကိုင်နေကြတဲ့ မိုဘိုင်းဖုန်း၊ တိတိကျကျ ပြောရရင် Android ဖုန်းများ ပါပဲ။ ဒီဖုန်းတွေမှာ အင်တာနက် လိုင်းပါ ထည့်ပေးလိုက်တော့ လူသုံးအများဆုံး Facebook ရော၊ အချို့အချို့သော ဝက်ဘ်ဆိုက် များကိုပါ မိမိရဲ့ ဖုန်းလေးနဲ့ပဲ ဝင်ရောက် ကြည့်ရှုလာကြတာ များပါတယ်။ ဒီနေရာမှာ ပြောစရာ နည်းနည်း ရှိလာတာက မန်းဂဇက် ပါပဲ။ ကျုပ်တို့ အနေနဲ့ မန်းဂဇက်ကို ဝင်ဖတ်မယ် ဆိုရင် […]


အဲ့ဒီနေ့ ညနေက နေ မပူဘူး ဇူလိုင်လရဲ့ ညနေခင်းမှာ မိုးရေတွေ ဖွေးဖွေးလှုပ်နေတာလည်း မထူးဆန်းဘူး ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ရေလျှံတဲ့ ကိစ္စဟာလည်း မထူးဆန်းဘူး အဲ့ဒီ မိုးရေတွေကြား အသက်မဲ့စွာ လှုပ်ရှားနေတဲ့ ကိုယ့်ကိုယ်ကိုလည်း ထူးဆန်းတယ် မထင်မိပြန်ဘူး …။ ထူးဆန်းမှုတွေကိုမှ နှစ်သက်ခုန်မင် တတ်သူ လူတစ်ယောက်အဖို့ မထူးဆန်းသော အချိန်များကို မထူးဆန်းစွာပဲ ဖြတ်သန်းနေမိခဲ့တယ် အဲ့ဒီ ထူးဆန်းချင်သူတဲ့ မထူးဆန်းသော အချိန်ကာလကို ပြက္ခဒိန်များမှာ ဟောဒီလို သတ်မှတ်ထားတယ် …။ ——————————————– “ဇူလိုင် ၂၂၊ ၂၀၁၃” ——————————————– ဒါပေမယ့် အချိန်ကာလရဲ့ လှည့်စားမှုဟာ ကြောက်ဖို့လန့်ဖို့ ကောင်းတယ် တစ်နေ့လုံး မထူးဆန်းခဲ့သမျှ ညအခါကျကာမှ ထူးဆန်းလာခဲ့တယ် …..။ ဘယ်တော့မှ မျှော်လင့်လို့ […]


  ♣ ♣ ♣ ♣ ♣ ♣ ♣ မိုးကား မစဲ။ သည်​းသည်​းမဲမဲ ရွာ​နေသည်​။ လျှပ်​စီးများလည်​း မည်​းမည်​း​မှောင်​​နေ​သော ​ကောင်​းကင်​ယံတွင်​ ဝင်​းကနဲ လက်​ခနဲ။ မိုး​ရေ​ပေါက်​များ သည်​လည်​း သွပ်​မိုးများ ​ပေါက်​သွားမတတ်​ တဝုန်​းဝုန်​း တဒိုင်​းဒိုင်​း ရိုက်​ခတ်​​နေ​လေသည်​။ ဤသို့​သော မိုးညမျိုးတွင်​ မည်​သူ အိမ်​အပြင်​ ထွက်​ချင်​ပါမည်​နည်​း။ သို့တ​စေ ကိုကြိုး ဆိုသူ လူတစ်​​ယောက်​ အတွက်​မူကား အိမ်​ပြင်​ ထွက်​ရုံသာ မဟုတ်​၊ ၁၅ မိုင်​ခန်​့ ​ဝေးကွာ​သော အိမ်​ဆီသို့ ပြန်​ရ​ပေဦးမည်​။ အိမ်​အပြန်​ လမ်​းသည်​လည်​း လျှပ်​စစ်​မီးများ ထိန်​ထိန်​ဝင်​း​နေ​သော လမ်​းမများအား ဖြတ်​သန်​းသွားရမည်​ မဟုတ်​။ မည်​း​မှောင်​​နေ​သော ​တောလမ်​းအား ဖြတ်​သန်​းသွားရ​ပေမည်​။ မိုး စဲနိုးစဲနိုးဖြင်​့ ​အ​ဝေး​ပြေး […]


  ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်အတွင်း ရွာကို ပြန်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သရဲမ က နောက်ကျောကို လက်နဲ့ ရိုက်လွှတ်လိုက်တဲ့ အဖြစ်ကို ကြုံခဲ့ရတာပဲ။ ကျုပ်ကို ရိုက်လွှတ်လိုက်တာ မဟုတ်ဘူးနော်။ ကျုပ်လုပ်ရင် ပြန်ပြီး လုပ်ပစ်လိုက်မှာပေါ့။ သရဲမ ဆိုတော့ကာ နပန်းဖတ်လုံးရင်တောင် ဟောဒီကောင်ကြီးက အနိုင်ရမှာပဲ … ထင် .. ပါ .. တယ် …။ :mrgreenn: ဖြစ်ပုံက ဒီလိုဗျ။ ရွာက ကျုပ် ဘော်ဒါ တစ်ယောက်ပေါ့ဗျာ။ သူက သူ့မိန်းမနဲ့ ရွှေစက်တော်၊ ပုဂံညောင်ဦးကို ခရီးသွားခဲ့တယ်။ သူ့အဖေလည်း အပါအဝင်ဆိုတော့ကာ စုစုပေါင်း သားအမိ သားအဖ သုံးယောက်ပေါ့ဗျာ။ ဂျစ်ကားလေးနဲ့ ခရီးထွက်ကြတာပါ။ သူ့အဖေနဲ့ သူနဲ့က တစ်ယောက်တစ်လှည့် ကားမောင်းပေါ့။ […]


– – – – – ~~~~~~~~~~~~~~~~~~~~~~~~ “ဘဝ ဟူသည် သောကတို့ ပင်လယ်ဝေရာ နေရာတစ်ခု ဖြစ်လေသည်” … ဟူ၍ တစ်စုံတစ်ယောက်မှ အဓိပ္ပါယ် ဖွင့်ဆို၍ လာပါအံ့။ ဤဖွင့်ဆိုချက်ကို ကျွန်ုပ် ဦးအောင် အနေဖြင့် အပြည့်အဝ ထောက်ခံချက် ပေးမိပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်၏ ဘဝသည် အပူသောက တို့ လောင်မြိုက်နေရာ ဌာနတစ်ခုသာ ဖြစ်ပေသောကြောင့်ပါတည်း။ ထိုထိုသော သောကပင်လယ်တို့သည်လည်း ကျွန်ုပ်တည်းဟူသော မြစ်အသွယ်သွယ်မှ လွန်စွာမှ မိုက်မဲခြင်းတည်းဟူသော ရေအလျဉ်တို့ကြောင့် ဖြစ်ထွန်း၍ လာသော ပင်လယ်တစ်ခုသာ ဖြစ်ပါပေ၏။ အကြောင်းကို ရှင်းပြပါဦးအံ့။ ကျွန်ုပ် ဦးအောင်နှင့် ကျွန်ုပ်၏ ဇနီးမယားဖြစ်သူ ဒေါ်အိမ်သူ တို့၏ အိမ်ထောင်သက်တမ်း (၁၀) နှစ်မြောက်တွင်း […]


– – – +++++++++++ တစ်နေ့သ၌ ရန်ကုန်မြို့ သင်္ဃန်းကျွန်းဘူတာရုံ အတွင်း၌ အချွန်အတက်များ ပါရှိသော ရွှေဝါရောင် နတ်ဝတ်နတ်စားများအား ဝတ်ဆင်ထားသော အသက် ၄ဝ အရွယ်ခန့်ရှိ လူကြီးတစ်ဦးသည် ရင်ကိုကော့၊ ခါးကို ထောက်လျက် မည်သူမျှ ဂရုပြုခြင်း မရှိဘဲ မျက်နှာထား ခပ်တင်းတင်းဖြင့် မတ်မတ်ရပ်နေလျက် ရှိသည်ကို တွေ့ရလေ၏။ ဘူတာရုံအတွင်းနှင့် ဘူတာရုံမှ ဖြတ်သန်းသွားလာသူများမှာ ထိုလူကြီးအား အထူးအဆန်းသဖွယ် ကြည့်ရှုကာ ထင်မြင်ချက် အမျိုးမျိုး ပေးကြလေ၏။ သို့ရာတွင်မူ ထိုလူကြီး၏ ခပ်တင်းတင်း မျက်နှာထားကြောင့် လူကြီး ကြားလောက်အောင် ပြောဝံ့သူဟူ၍ မရှိဘဲ ၎င်းတို့အချင်းချင်း ကြားလောက်ရုံသာ ခပ်တိုးတိုး ပြောဆိုလျက် ရှိကြလေသည်။ ထိုလူကြီးသည် ရှည်မျောမျော နတ်ဦးထုပ်ကြီးအားလည်း ဆောင်းထားလျက်သား ရှိချေ၏။ […]


– – – – – ============================= ဒီနှစ် (၂၀၁၄) ခုနှစ်ရဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁ရ ရက်နေ့အထိ ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ဒီခရီးစဉ်ကတော့ မင်းကွန်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေးနဲ့ ပြင်ဦးလွင် ပါပဲ။ ဖေဖော်ဝါရီ ၁၂ ရက် ညမှာ ရန်ကုန်ကနေ စတင် ထွက်ခွာခဲ့ပြီး မင်းကွန်း မြသိန်းတန် စေတီရှေ့ကို မနက် မခင်း တခင်း အချိန်မှာ ရောက်ရှိခဲ့ပါတယ်။ ဒီလိုနဲ့ ဘုရားတက်ဖူးတာ ဘာညာနဲ့ မိုးလင်းခဲ့ပါတယ်။ အဲ့ဒီမှာ ဈေးရောင်းတဲ့ မိန်းမကြီးတစ်ယောက် ပြောတာကတော့ မြသိန်းတန် စေတီက အတွန့်အတွန့်တွေဟာ သီတာ ခုနစ်တန် ကို ကိုယ်စားပြုတာပါတဲ့။ ဒါဆိုရင် သီတာ ခုနစ်တန်ရဲ့ […]


– – – – – ========================== ကျောင်းသားလေး မောင်ဗျာသ တစ်နေ့သ၌ ကျေးတောရွာလေး တစ်ရွာ၏ အနောက်ဘက်တွင် တည်ရှိသော ပျဉ်ထောင် စာသင်ကျောင်းလေး အနီးရှိ စိန်ပန်းပင်ကြီး၏ အရိပ်အောက်တွင် လွယ်အိတ်လေးများအား ကိုယ်စီလွယ်ထားကြသည့် ကျောင်းသားလေး နှစ်ယောက်အား တွေ့ရလေ၏။ တစ်ယောက်သော ကျောင်းသားလေးမှာ ခေါင်းကို ပြောင်နေအောင် တုံးထားပြီး တစ်ယောက်သော ကျောင်းသားလေး မှာမူ မွေးတည်းကပင် ဆံပင် မညှပ်ခဲ့သည့်အလား လူနှင့်မလိုက်အောင်ပင် ၎င်း၏ ဆံပင်တို့မှာ ရှည်လျားနေသည်ကို တွေ့ရလေသည်။ ကျောင်းသားလေး နှစ်ယောက်၏ အနီးတွင် သာကူရောင်းသော အဒေါ်ကြီး တစ်ယောက်လည်း ရှိလေ၏။ ထိုအဒေါ်ကြီးသည် ထန်းလျက်ရည်များနှင့် ကျိုချက်ထားသော အတန်ငယ် ပူလောင်နေသည့် သာကူများအား စတီးပန်းကန်လုံးလေးများ အတွင်းသို့ ခပ်ထည့်ပြီးနောက် […]


ပုံမှန်လည်ပတ်နေတဲ့ နာရီစက်ဝန်းကြီးကဖြင့် နေဝင်၊ နေထွက်နဲ့ပဲ တစ်စထက် တစ်စ ဆွဲခေါ်လို့ သွားနေမြဲ၊ သွားနေဆဲ …..။ ဒီစက်ဝန်းကြား မွေးဖွားခြင်းတွေလည်း ရှိရဲ့၊ သို့ကြောင့် အသစ်အသစ်တွေဆီသို့ ခေါ်ဆောင်သွားခြင်းဟု တင်စားရမည်လော ….။ ဒီစက်ဝန်းကြား အိုမင်း ရင့်ရော်ခြင်းတွေလည်း ရှိရဲ့၊ သို့ကြောင့် အဟောင်းအဟောင်းတွေဆီသို့ ခေါ်ဆောင်သွားခြင်းဟု တင်စားရမည်လော ….။ ကျွန်ုပ် ယတိပြတ် ဖြေဆိုခြင်းငှာ မစွမ်းပါချေ။ ကျွန်ုပ်တည်းဟူသော တစ်ဦးတစ်ယောက် အတွက်သည်ပင် မဖြစ်ဖူးသေးသော အသစ်အသစ်များ၊ ဖြစ်ပြီးသော အဟောင်းဟောင်းများဖြင့် ရောပြွမ်းလျှက်ရှိချေ၏။ မည်သို့ဆိုစေ နှစ်ပေါင်းအသချေင်္ တိုင်အောင်ပင် ဒီစက်ဝန်းကြီးသည်ကား အိုမင်း ရင့်ရော်ခြင်း မရှိပါဘဲနှင့် ပုံမှန် လှုပ်ရှားလျှက် ရှိနေခြင်းသည်ကား ထူးဆန်း အံ့ဖွယ်ပင် ဖြစ်ချေတော့၏။ ================ ခုနှစ် သက္ကရာဇ်တည်းဟူသော […]


– – – – – ============================= နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ပြောင်းတော့မယ်။ ဒီလို အခါမျိုးမှာ တစ်နှစ်စာ အတိတ်စာမျက်နှာကို လှန်ကြည့်မိပြန်တော့ ရင်ထဲမှာ ဖီလင်တစ်မျိုး ဖြစ်ရပြန်တယ်။ ဘာဖြစ်ဖြစ် ကျေနပ်စရာပါပဲ။ တစ်နှစ်တာအတွင်း ရေးခဲ့တဲ့ ပို့စ်တွေ အများစုကို ပြန်စုစည်းလိုက်တယ်။ ဒါကိုပဲ ခင်ဗျားတို့ကို ပြသရင်းနဲ့ နှစ်သစ်နှစ်မြတ် ဖြစ်ပါစေကြောင်း ချစ်စွာသော မိတ်ဆွေအပေါင်းအတွက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါကြောင်း ………….။   ချစ်ခြင်းများဖြင့် …. မဟာရာဇာ အံစာတုံး =============================   1. ကျုပ်ကို ………. (https://myanmargazette.net/162172) ” ကျုပ်ကို … တချို့က ပြောကြတယ် ….. ဆံပင်က ဖြစ်သလိုထား အဝတ်ကလည်း မသားနား […]


– – – – – ========================== ==========================   ကျုပ်အဘိုး ဦးမိုး က ထန်းသမားကြီး။ ကျုပ်အဘိုး ထန်းတက်တုန်းက ကျုပ်အဖေက မြေအိုးကောက်။ ကျုပ်အဘွား ကတော့ ထန်းလျက်ကျိုပေါ့ဗျာ။ အခု ကျုပ်အဘိုး အနားယူသွားတော့ သူ့သားဖြစ်တဲ့ ကျုပ်အဖေက ထန်းသမား လုပ်တယ်။ ကျုပ်အမေက ထန်းလျက်ချက် (ကျို) တယ်။ ကျုပ်ကတော့ မြေအိုးကောက် ဖြစ်လာတော့တာပေါ့။   မြေအိုးကောက် ဆိုတာ မြေအိုးတွေ ထမ်းရတာကို ပြောတာ။ မြေအိုး အလွတ်တွေကို သုံးလုံးဆို သုံးလုံး၊ ငါးလုံးဆို ငါးလုံး၊ ဒီလို ကျုပ်အဖေ တက်မယ့် ထန်းပင်တွေရဲ့ ခြေရင်းမှာ လိုက်ပြီး ချထားပေးရတယ်။ ကျုပ်အဖေက ဒီမြေအိုးလွတ်တွေကို ခါးမှာ […]