uncle gyiSeptember 4, 20161min2667
  ကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏဖြစ်တတ်တဲ့ ပင့်ကူရှပ်ခြင်း ကင်းကိုက်ခံရခြင်း စသဖြင့်အဆိပ်ရှိအကောင်များကိုက်ပါကအနေရလွန်စွာခက်ပြီး တရက်နှစ်ရက်မပျောက်တတ်ရှိတတ်ပါတယ် မြွေမှအ ပ အဆိပ်ရှိအကောင်အတော်များများကိုက်တာကိုဆေးမြီးတိုများဖြင့်ကုသပျောက်ကင်း နိုင်ကြပါတယ်နေရာဒေသကွဲပြားသွားသလိုကိုယ့်နယ်အလိုက်ကုသပုံလဲအမျိုးမျိုးကွဲပြား ကြပါတယ် အဆိပ်ရှိအကောင်ကိုက်ပါကသက်သာပျောက်ကင်းစေတဲ့အပင်တွေလဲအမျိုးမျိုးရှိကြပါတယ် စာရေးသူတိုို့လက်တွေ့သက်သာပျောက်ကင်းတဲ့အပင်တပင်အကြောင်းပြောပြချင်ပါတယ် သိကြားမကိုဠ်ပင်လို့ခေါ်ပါတယ် အချို့နေရာတွေမှာစေတီပင်လို့လဲခေါ်ပါတယ် အချို့နေရာတွေမှာတော့ဒီအရွက်ကိုသိကြားမကိုဠ်လို့အသိအမှတ်မပြုပဲ အရွက်အနည်းငယ်ကြီးအရွက်ပတ်လယ်ခွေးသွားစိတ်များကဲ့သို့ဖြစ်နေတဲ့အပင်က်ိုခေါ်ပါသတဲ့ ဘာပြောပြောအခေါ်ကအရေးမကြီးပါဖူး အပင်ရဲ့အသုံးဝင်မှုကအရေးကြီးပါတယ် အပင်ဆိုပေမဲ့အပင်ကြီးမျုိုးမဟုတ်ပါ ချုံပင်မျိုးဖြစ်ပါတယ်အရွက်ကအနည်းငယ်ရှည်ပြီးနဲနဲကြီးပါတယ် ထူးခြားတာကအရွက်ပေါ်မှာသိကြားမင်းမကိုဠ်လိုပုံကလေးက သစ်ရွက်စိမ်းပေါ်မှာအမဲရောင်နဲ့ပေါ်နေတာပါ စိုက်ပျိုးရလဲမခက်ပါဖူးအပင်ကအကြမ်းခံပါတယ်ရေရှိရင်အပါွးမြန်ပါတယ် အဆိပ်ရှိအကောင်ကိုက်ရင်သိကြားမကိုဠ်အရွက်ကိုခူးပြီးကြိတ် အကိုက်ခံရတဲ့အနာပေါ်အုံပေးအဝတ်နဲ့စည်းထားပါ တညအိပ်ပြီးနောက်နေ့ဆိုအကောင်းပါပဲ နောက်တခုသုူ့အရွက်ထူးခြားချက်ကအနာမန်းတွေလဲနိုင်ပါတယ် မွှေးကျွှတ်နာလိုကုရခက်တဲ့အနာမ ျီုး ဝက်ခြံလိုမ ျိုးဖြစ်ရင် အရွက်ကိုမီးအပူပေးပြီးပျော့သွားတဲ့အခါအနာပေါ်ကပ်ထားလိုက်ပါ အနာကအရည်တွေထွက်ပြီးသက်သာသွားပါတယ် ကိုယ့်ပတ်ဝန်းကျင်မှာမြေလွတ်ရှိတယ်ဆိုစိုက်ထားသင့်တဲ့အပင်တပင်ဖြစ်ပါတယ် လူသားအားလုံးက ျမ်းမာကြပါစေ  


aungnng87February 17, 20121min26726
ဒီနေ.မနက်အင်တာနက်ကို ဝင်လည်လိုက်တာ စိတ်ဝင်စားစရာကောင်းတဲ့သတင်း ၄ခု သွားတွေ့တယ်။ ဒါနဲ့ရွာသားတွေကိုလည်းမျှဦးမယ်ဆိုပြီး….. တခုကတော့ ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်းတဲ့ (ခေါင်းစဉ်က) ဒါကတော့ ဦးရွှေမန်းရဲ့ ဝန်ထမ်းများလစာတိုးရေးအဆိုကို ဘဏ္ဍာရေးဝန်ကြီးက ပြောတာ ဝေးလံသီခေါင်သောဒေသများတွင်သွားရောက်လုက်ကိုင်နေသောဝန်ထမ်းများကိုတော့ ဒီနှစ်ထဲမှာရှိပါတယ်။ ဦးရွှေ့မန်းတင်ပြထားတဲ့ဝန်ထမ်းအားလုံး လစာတိုးဖို့ ကိစ္စကိုတော့ ၂၀၁၃-၂၀၁၄ ကျမှဘဲစဉ်းစားပါရစေဆိုပါတယ်။ နောက်တခုက အဲဒီအမေ့အိမ်ဝက်ဆိုက်မှာဘဲ ဖေါ်ပြထားတာက.. ပြည်သူ့ဝန်ထမ်းများအတွက် ဝမ်းမြောက်ဖွယ်ရာအထူးသတင်းဆိုပြီး ပြည်သူဝန်ထမ်းများအတွက် မူရင်းလစာထက်၂.၇%အား တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်းပါတဲ့… ဒါပေမဲ့အဲဒီစာတမ်းကိုတော့ အကျယ်ကြည့်လို့မရပါဘူး။ ဘာကြောင့်လည်းတော့မသိဘူး။ အဲဒီနှစ်ခုကိုဖတ်မိပြီး နဲနဲခေါင်းစားသွားတယ်။ ရွာသားများသိရင် ရှင်းပြပါဦး။ ဘယ်လိုတုန်းလို့။ နောက်တခုက မိုးမခထဲက ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီးအတုကြီး ဆိုတာ သူကတော့ နံမည်က သူရိန်ထွန်း၊ အသက်ရနှစ်အရွယ်မှာ မိဘနှစ်ပါးနဲ့၊ သူ့ညီမလေးရယ ်သထုံဘက်ကားနဲ့ခရီးထွက်စဉ် စစ်တပ်က သူ့အမေကိုမုဒိန်းကျင့်၊အဖေ့ကို […]