တောင်ပံကျိုးပျက် မွေးတောင်စင်လျက် ငှက်ငယ်သော်မှ မာန်မချဘဲ ဘဝ ဝမ်းစာ ခုန်ဆွရှာသည် မြဲသည့်ဇွဲမှာ ကာလကြာသော် တောင်ပံဝင့်ကြွား မွေးသစ်ပွား၍ လေဟုန်ဝဲကာ အာကာထဲမှာ ဝံ့ကြွားနိုင်၏။ မိုးသက်မုန်တိုင်း ခုတ်ထစ်ပိုင်း၍ အပိုင်းပိုင်းပြတ် ကျန်သည့်ငုတ်တို သစ်ပင်အို ကား မတုန်မလှုပ် ကြိတ်မှိတ်ငုံ့ခံ လောကဓံကို မိုး-ဆောင်း-ဂိမ္မန် ထချိန်တန်က ကျန်သည့်အဆစ် ပုရစ်နုထွား သားတက်ပွားကာ လောကအလှဆင် နိုင်သေးသည်။ အို . . ငါသည် လူသား . . . ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်လာ၏ တွေးခေါ်ချိန်ဆ ဉာဏ်စွမ်းရ၏ ခြေ၊ လက်၊ နှလုံး၊ စုံသည့်အင်္ဂါ ဘာမှုစရာတည့်။ ငါလျှောက်သည့်လမ်း ဆူးပြွမ်းကြမ်းလည်း ရှေ့ကိုတိုးဘိ နာဂါတ်ဆီသို့ . . . ရှုံးနိမ့်သည်များ […]