Khaing KhaingDecember 20, 20121min59169
(12.12.2012) တုန်းက လူတွေက ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်နဲ့ အမျိုးမျိုးတွေပြောကြဆိုကြတယ် … အခုလည်း (21.12.2012) ဟာ မာယာပြက္ခဒိန်မှာ သက်တမ်းကုန်ဆုံးပြီး ကမာ္ဘကြီးက ဘာဖြစ်မယ် … ညာဖြစ်မယ်ပြောနေဆိုနေတဲ့ စကားတွေကြားရပြန်တယ် …… ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနမိတ်ထွန်းတဲ့ ဟောဒီကျွန်မတို့နေတဲ့ ကျွန်းမှာ အဲဒီလိုပြောနေဆိုနေတာကို ကျွန်မကတော့ မကြိုက်ဘူး …. ဖြစ်တာမဖြစ်တာထက် စကားနောက်တရားပါ …. ပြောနေဆိုနေတာတွေဟာ လူတွေရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေတယ် …. တစ်ချို့သော ပုဂ္ဂလိက အလုပ်ရုံတွေတောင် သူတို့နားလည်မှုနဲ့သူတို့ ပိတ်ကြတယ်လို့လည်း သတင်းရရှိပါတယ် …… ကျွန်မရဲ့ အတွေးတိမ်တိမ်နဲ့တွေးတာတော့ ပြက္ခဒိန်တစ်ခုရဲ့ သက်တမ်းကုန်ဆုံးသွားတယ်လို့ပဲ ထင်မှတ်ထားမိပါတယ် …… ကဲ ဒီတော့ … မနက်ဖြန် ဘာတွေဖြစ်မလဲ စောင့်မျှော်ရင်း …. ဒီပို့စ်လေးကို […]