သားသမီးအပေါ်တွင် ထားရှိသောမိခင်ဧ။်မေတ္တာထုထည်ကြီးမားသည်ကို လူတိုင်းနားလည်သိရှိပြီးဖြစ်သည်။သားသမီးကိုဝမ်းနှင့်လွယ်ပြီး အသက်နှင့်ရင်း၍မွေးခဲ့ရသောကြောင့် မိခင်တို ့သည်သားသမီးကိုချစ်ရာတွင် ဖခင်ထက်ပိုတတ်ကြသည်။မိခင်ကသားအပေါ်မေတ္တာထားသလောက် သားကမိခင်ပေါ်မ တုံ့ပြန်တတ်ပေ။တနည်းဆိုလျှင် မိခင်ကချစ်သလောက် သားက မိခင်ကိုပြန်မချစ်ပေ။ဤစကားပုံဧ။်ဆိုလိုရင်းမှာမိခင်ချစ်သလိုသားကမိခင်ကိုတူညီသောတုံ ့ပြန်မှုဖြင့်ချစ်လျှင် သားယောကျာ်းလေးများအားလုံးနောင်ဘဝတွင် နတ်ပြည်ရောက်ပြီး နတ်ပြည်ကျဉ်းသွားလိမ့်မည်ဟုဆိုလိုသည်။သမီးများသည် မိခင်မေတ္တာကိုနားလည်ပီးတုံ ့ပြန်တတ်ဖို ့လိုပါသည်။မြန်မာစကားပုံတွင်“စုန်ရေသာရှိသည် ဆန်ရေမရှိဟုမိဘမေတ္တာကိုဖော်ညွှန်းထားသည်။


lu ta loneMay 5, 20101min691
မီးနေခွင်ဝယ် နာကျင်ပြင်းပြ၊ ဆိုငိုတ၏၊ ထိုမှတဖန်၊ တအားသန်၍ အားမန်ကဲမောက်၊ ချွေးပေါက်ချွေးသီး ယိုစီးပြိုက်ပြိုက်၊ သူအားစိုက်သည် တိုက်စကြာဝဠာ ခါလောက်၏။ ဝေဒနာနှင့် ငါတကားဟဲ၊ သည်လွန်ပွဲဝယ် အူဝဲသံလွင့်၊ ခွန်ချိုဆင့်သော် မိခင်မျက်နှာ၊ ထိန်ထိန်သာသည် သော်တာငွေလ ရှုံးလောက်၏။ From: (ညွန့်ဝေ-ကသာ)