lu ta loneSeptember 4, 20101min1269
မြန်မာနိုင်ငံရဲ့ထိပ်တန်းမိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်သောမိတ်ကပ်အောင်အောင်(တောင်ကြီး)အသက်(၄၇)နှစ်သည် (၂၀၁၀)ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ့၊ နေ့လယ်(၁၂)နာရီအချိန်က ရန်ကုန်မြို့၊အာရှတော်ဝင်အထူးကုဆေးခန်းကြီးတွင် ကွယ်လွန်သွားကြောင်းသိရှိရသည်။ မိတ်ကပ်အောင်အောင်(တောင်ကြီး)သည် ဩဂုတ်လ(၂၉)ရက်နေ့၊ ရန်ကုန်မြို့၊ The Strand Hotel တွင် ကျင်းပပြုလုပ်ခဲ့သော Myanmar Traditional Brides Collection 2010 ပွဲကြီးတွင်မင်္ဂလာဝတ်စုံဒီဇိုင်းသစ်များကိုခမ်းခမ်းနားနားတင်ဆက်ခဲ့သူဖြစ်ပြီးမိတ်ကပ်အောင်အောင်(တောင်ကြီး)ကို ချစ်ခင်ကြသော နာမည်ကျော် မင်းသမီးများစွာပါဝင်ပြသခဲ့ခြင်းကြောင့် အောင်မြင်မှုရရှိခဲ့သော နောက်ဆုံးအမှတ်တရမင်္ဂလာဝတ်စုံပြပွဲကြီးဖြစ်သည်။ မာမီအောင် နေမကောင်းဖြစ်နေတာကြာပြီ။ ဒါပေမဲ့ သာမန်နေမကောင်းတာလို့ပဲသိထားတာပါ။ ချောင်းဆိုးရင် သွေးပါအန်လာလို့ ဆုံးမယ့်မနက်ပိုင်းလေး တင် အာရှတော်ဝင်ကို အသည်းအသန်တင်လိုက်ကြရတာပါ။ မျက်စိရှေ့မှာတင် ဖြစ်သွားတော့ မယုံနိုင်လောက်အောင်ပါပဲ။ ပေါက်ရဲ့ ဆရာတစ်ယောက်ကို အစားထိုးမရအောင်ဝမ်းနည်းရပါတယ်။ ဘန်ကောက်မှာ ဆေးသွားစစ်ဖို့ ဗီဇာမရသေးလို့စောင့်နေရင်း အခုလိုဆုံးသွားခဲ့တာပါဟု မိတ်ကပ်အောင်အောင်(တောင်ကြီး)၏ တပည့်တစ်ဦးဖြစ်သော မိတ်ကပ်ပေါက်ပေါက်(စမ်းချောင်း)က ဝမ်းနည်းစကားဆိုခဲ့သည်။ နာမည်ကျော်ရုပ်ရှင်မင်းသမီးများ၊ မင်္ဂလာသတို့သမီးများအတွက် အားထားစရာ မိတ်ကပ်အောင်အောင်(တောင်ကြီး)၏ ဈာပနအခမ်းအနားကို (၂၀၁၀)ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့၊ […]