အားလုံးပဲ မင်္ဂလာပါဗျာ… ကျော်က အသစ်ဝင်တဲ့ ရွာသားလေးပါ….။ အသစ်ဆိုပေမယ့် ဒီရွာကို ခဏခဏလာလာလည်နေတာတော့ ကြာပါပြီ…။ ရွာခံများဖြစ်ကြတဲ့..ဦးကျောက်ခဲ၊ မနှင်းမမ၊ ကိုအံစာ၊ ကိုဘလက်၊ ကိုကူးမားရ်၊ တီသဲ၊ အာတီဒုံ၊ မဇီဇီ၊ ကိုပေါက်၊ ကိုတိမ်မည်း၊ ကိုအလင်းဆက်၊ ကိုမာဃ၊ ကိုစောရိုး၊ မရိုစီ၊ မလုလု၊ လုံမလေး၊ မွန်းပိုအမ်၊ ကောင်းကင်ပြာ၊ မစနိုးစမိုင်း၊ မဝေါင်း (ကျန်ခဲ့သူများရှိရင် ခွင့်လွှတ်ပါလို့) နဲ့ အားလုံးပဲ မင်္ဂလာပါဗျာ…။ ဒီရွာလေးထဲမှာ စာကောင်းကောင်းတွေ၊ အချင်းချင်း ရင်းနှီးချစ်ခင်တာတွေ မြင်ရတော့ အားကျတယ်ဗျ..။ ကျော်က တစ်ဦးတည်းသောသားဆိုတော့ ခုလို တစ်ကယ့်ရွာအစစ်ထဲ ရောက်နေသလို အချင်းချင်းပွင့်လင်းဖော်ရွေနေတာတွေမြင်ရတော့ ကိုယ်တိုင်လဲ ဝင်ပါချင်တာ ပါတာပေါ့ဗျာ…။ ခုလိုဆိုဒ်မျိုး ရှားမဟုတ်လား..။ ဒီရွာကို သိတာ နှစ်ချီနေပြီဗျ…။ မြင်သာမြင်ပြီး […]