မိတ္တကဏ္ဏ (၁၂)ချိုရှိကောင်မယ်တောင်ငါးဆယ်၊မြင်းဝယ်တောင်တစ်ရာ စွယ်ရှိဆင်ပြောင်တောင်တစ်ထောင်၊ရပ်ဘောင်လူယုတ်မာ မကပ်သင်ငြားစွန်ခွာသွား၊ရှောင်ရှာကြဉ်လေပါ။ အဓိပ္ပာယ်။။။ဦးချိုရှိသောသတ္တဝါကိုအတောင်ငါးဆယ်ရှိသောအရပ်မှရှောင်ကြဉ်ရာ၏ ။ မြင်းကိုကားအတောင်တစ်ရာရှိသောအရပ်မှရှောင်ကြဉ်ရာ၏။ အစွယ်ရှိသောဆင်ကိုမူအတောင်တစ်ထောင်အရပ်မှရှောင်ကြဉ်ရာ၏။သူယုတ်မာကိုမူကားမိမိအရပ်ကိုစွန့်၍ရှောင်ရှားရာ၏။ (၁၃)မကောင်းလေကြရပ်ဒေသ၊မိတ္တမျိုးနွယ် ဇာတ် မျိုးဆွေမယားကျွန်ခစား၊ဝေးပါးကြဉ်ရှောင်အပ် အဓိပ္ပ္ပ္ပာယ်။။။။။မကောင်းသောအရပ် ၊ မကောင်းသောမိတ်ဆွေ ခင်ပွန်း ၊ မကောင်းသောအမျိုး ၊မကောင်းသောမယား ၊မကောင်းသောကျွန်သူခတို့ကို အဝေးမှကြဉ်ရှောင်ရာ၏။ (၁၄)ရောဂါဖြစ်ချိန်ခေါင်းပါးတိမ်၊စည်းစိမ်ပျက်စီးကာ ရန်သူဖမ်းထားလုပ်တိုင်နား၊တံခါးမင်းအိမ်မှာ အကြင်မိတ်ဆွေတည်တုံပေ၊ထိုဆွေမိတ်ကောင်းသာ။ လုပ်တိုင်း=သင်္ချိုင်း အဓိပ္ပာယ်။။။။။အကြင်မိတ်ဆွေသည်အနာနှိပ်စက်သောအခါ၊ငတ်မွတ်ခေါင်းပါးသောအခါ၊စည်းစိမ်ပျက်သောအခါ၊ရန်သူဖမ်းမိသောအခါ သခ်ျိုင်းတစပြင်၊မင်းအိမ်တံခါးအမှုတို့၌တည်မူ(အကူညီရသူ)ထိုမိတ်ဆွေသည်မိတ်ဆွေကောင်းမည်၏။ (၁၅)နှုတ်ချိုသူအားသျှိုတစ်ပါး၊မိတ်များအဆွေပေါ ကြမ်းကြုတ်ခက်ထန်ထိုသူမှန်၊နည်းပြန်မိတ်သဘော လနေပမာဤွှအရာနှိုင်းစာသိစေသော။ အဓိပ္ပာယ်။။။။။နှုတ်ခွန်းချိုသောစကားရှိသူသည်များသောအဆွေခင်ပွန်းရှိ၏၊ကြမ်းကြုတ်သောသူသည်နည်းသောအဆွေခင်ပွန်းရှိ၏ နေမင်းလမင်းတို့၏ဥပမာကိုယူ၍ ဤအရာကိုသိစေ၏။   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။အဆွေခင်ပွန်းကိုဆိုရာအခန်းပြီး၏။။။။။။။။။။။။။။။။။။။။။။။။။။။။