မိတ္တကဏ္ဏ ္ဏ(ဂ)မိမိကြံရေးမရောက်သေး၊ချိန်လေးဤအတွင်း ရန်သူကိုပင်ပခုံးတွင်၊ထမ်းစင်သို့ဆောင်နှင်း အကြံအောင်မှုယင်းရန်သူခွဲယူဖျက်ကြမင်း ကျောက်၌ဆောင်ရွက်အိုးတူမြွက်၊ခွဲဖျက်ပမာချဉ်း။ အဓိပ္ပာယ်။။။။။အကြင်မျှလောက်သောမိမိအကြံကာလသည်မရောက်သေး၊ထိုရွေ့လောက်ရန်သူကိုပင်ပခုံးဖြင့်ဆောင်ရွက်ရာ၏ မိမိအကြံသည်ပီးပြည်စုံခြင်းသို့ရောက်ပြီးသော်ထိုရန်သူကိုပင်ကျောက်ဖြင့်အိုးကိုခွဲသကဲသို့ဖျက်စီးရာ၏။   (၉)မြီကြွင်းမီးကြွင်းရောဂါကြွင်း၊ပွားပြင်းတတ်ဖန်ဖန် ထို့ကြောင့်အပိုအကြွင်းကို၊ထားသိုမပြုရန်။ အဓိပ္ပာယ်။။။မြီကြွင်း မီးကြွင်း ရောဂါကြွင်းတို့သည်အဖန်ဖန်တလဲလဲပွားတတ်ကုန်၏ထို့ကြောင့်အကြွင်းကိုမပြုရာ။   (၁၀)ဤသူ့မျက်နှာပဒုမ္မာ၊ရွှေကြာကဲသို့လန်း စကားဆိုဦးစန္ဒကူး၊ကြည်နှုးလွန်အေးချမ်း နှလုံး၌ဝယ်သေစေလွယ်၊မဖွယ်အဆိပ်မြန်း ဤသည်လူသားဝေးစွာထား၊ရှောင်ရှားမမှီငြမ်း။ အဓိပ္ပာယ်။။။။အကြင်သူ၏မျက်နှာသည်ပဒုမ္မာကြာကဲ့သို့ရွှင်လန်း၏။ဆိုသောစကားသည်စန္ဒကူးကဲ့သို့ချမ်းအေး၏နှလုံး၌ကားလျှင်စွာသေစေတတ်သော အဆိပ်ကဲသို့ရှိ၏ ၊ ထိုသို့သဘောရှိသူကိုမပေါင်းဖော်မမှီဝဲရာ။ (၁၁)ကြမ်းကြုပ်အရှင်ဝန်တိုရှင်၊သခင်မချီးမြှောက် နှိပ်စက်ကလူအရှင်ဟူ၊မှတ်ယူဤလေးယောက် ဆင့်ထက်တစ်ဆင့်ဘေးကြီးသင့်၊ရှောင်လင့်မမှီးရောက်။ အဓိပ္ပာယ်။။။။။ကြမ်းကြုပ်သောအရှင်ကိုမမှီဝဲရာ၊ထို့ထက်ဝန်တိုသောအရှင်ကိုမမှီဝဲရာ၊ ထို့ထက်မချီးမြောက်သောအရှင်ကိုမမှီဝဲရာ၊ထို့ထက် နှိပ်စက်သောအရှင်ကိုမမှီဝဲရာ။ ဆက်လက်ဖော်ပြပါမည်။။။။။။။။။။။။။။။။။